Labor Laws

အလုပ်သမား ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် နှင့် စည်းမျဥ်းစည်းကမ်းများ

ကိုယ်ပိုင်အမြင်ဖြင့်ရေးသော စာမျက်နှာများမှအပ ကျန်စာမျက်နှာအားလုံးသည် သက်ဆိုင်ရာက အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ထားသည်များကို အများအကျိုးရှိစေရန် ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်။


အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် - ၂၀၁၇

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

အလုပ်သမား (၅) ဦးနှင့်အထက် လုပ်ငန်းများ တစ်ဦးချင်းချုပ်ဆိုရန် လိုအပ်ခြင်း

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း
၃။အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်သမား (၅) ဦးနှင့်အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမားနှင့် ပုတ်ပြတ်အလုပ်သမားများ တစ်ဦးချင်း ချုပ်ဆိုရမည်ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ အတည်ပြုချက်ရယူရန် ဖြစ်ပါသည်။

အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းအတည်ပြုထားသည့် စာချုပ်ပုံစံပါအတိုင်း ချုပ်ဆိုရခြင်း

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း
၄။သို့ဖြစ်ပါ၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၁(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းအတည်ပြုထားသည့် အောက်ဖော်ပြပါ စာချုပ်ပုံစံပါအတိုင်း ချုပ်ဆိုကြရန် ထုတ်ပြန်လိုက်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

စာချုပ်အမှတ်၊ ___________

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC)

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၁)
၂။(ဌ)စုပေါင်းသဘောတူညီချက် ဆိုသည်မှာ စုပေါင်းတောင်းဆို ဆွေးနွေးညှိနှိုင်းမှုအရ အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှုအခြေအနေများ သတ်မှတ်ခြင်း၊ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ၏ တရားဝင်ရပ်တည်မှုကို အသိအမှတ်ပြု ဆောင်ရွက်ခြင်းနှင့် အလုပ်သမားများအတွက် လူမှုကာကွယ်စောင့်ရှောက်မှု အာမခံချက်များကို မြှင့်တင်ခြင်းတို့ အပါအဝင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဥ်း၍ စာဖြင့်ချုပ်ဆိုသည့် နှစ်ဖက်သဘောတူညီချက်ကို ဆိုသည်။
(တ)ညှိနှိုင်းရေးကောမတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို ဆိုသည်။
(ထ)ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဆိုသည်။

ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်အရေအတွက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၃။အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည် -
(က)အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁)အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ
(၂)အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင် ကိုယ်စားလှယ်များ
(ခ)အလုပ်သမားအဖွဲ့အစည်းမရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁)အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး
(၂)အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း နည်းဥပဒေများကို ပြင်ဆင်ခြင်းမရှိသေးပါ။ ထို့ကြောင့် အချက်အလက်များ update မဖြစ်ပါ။ ဥပမာ ကိုယ်စားလှယ်ဦးရေမှာ ဥပဒေတွင် သုံးဦးစီဟု ပြင်ဆင်ပြီး ဖြစ်သော်လည်း ဤနည်းဥပဒေများတွင် နှစ်ဦးစီ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
၄။ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်သမားကိုယ်စားလှယ် ဦးရေသည် -
(က)အလုပ်သမားအားလုံး အလုပ်သမားအဖွဲ့အစည်းဝင် ဖြစ်သည့်လုပ်ငန်း သို့မဟုတ် အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းနှင့် ယင်းရာခိုင်နှုန်းအောက်နည်းသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းမှ ကိုယ်စားလှယ် နှစ်ဦးစီဖြစ်ရမည်။
(ခ)အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် ယင်းအရေအတွက်အတိုင်း အလုပ်သမားအဖွဲ့အစည်းဝင် မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်းဖြစ်ရမည်။
(ဂ)အလုပ်သမားအဖွဲ့အစည်းမရှိသော လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် နှစ်ဦး ဖြစ်ရမည်။
၅။ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်ရှင်ကိုယ်စားလှယ် ဦးရေသည် -
(က)အလုပ်သမားအဖွဲ့အစည်း ရှိသည့်လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရှိသော အလုပ်သမားကိုယ်စားလှယ် ဦးရေအတိုင်း ဖြစ်ရမည်။
(ခ)အလုပ်သမားအဖွဲ့အစည်း မရှိသည့်လုပ်ငန်းဖြစ်ပါက နှစ်ဦးဖြစ်ရမည်။

ညှိနှိုင်းရေးကော်မတီဝင်၏ အရည်အချင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။
၃။ညှိနှိုင်းရေးကော်မတီဝင်သည် -
(က)အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ)အလုပ်သမားကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် အမြဲတမ်းအလုပ်သမားဖြစ်ပြီး အနည်းဆုံး လုပ်သက်ခြောက်လရှိသူ ဖြစ်ရမည်။
(ဂ)အလုပ်ရှင်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် စီမံခန့်ခွဲရေး တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ရမည်။

ကိုယ်စားလှယ်နေရာ လစ်လပ်ပါက လိုအပ်သလို အစားထိုးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၄။(က)ပုဒ်မ ၃ အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ၊ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်။

ညှိနှိုင်းရေးကော်မတီ၏ သက်တမ်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၄။(ခ)ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။

ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကိုယ်စားလှယ်အမည်စာရင်းကို သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ အကြောင်းကြားရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။
၆။အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုတွင် စုပေါင်းသဘောတူညီချက်ကို ညှိနှိုင်းနိုင်ရန် အလုပ်ရှင်သည် ညှိနှီုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပုံစံ (၁) ဖြင့် ညှိနှိုင်းရေးကော်မတီဝင်များ၏ အမည်စာရင်းကို ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ရမည်။ ညှိနှိုင်းရေးကော်မတီဝင် အမည်စာရင်းပြောင်းလဲမှုရှိသည့်အခါ အထက်ပါအတိုင်း ပြင်ဆင်ပေးပို့ရမည်။

ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ရန်ကိစ္စများ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၅။ညှိနှုိင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း အကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။

တိုင်ကြားချက်ကို ၇ ရက်အတွင်း ဖြေရှင်းပေးရခြင်းနှင့် အစီရင်ခံစားပေးပို့ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၆။(က)အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။
(ခ)ညှိနှုိင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။

အလုပ်သမား ၃၀ ဦးမပြည့်သည့် လုပ်ငန်းတွင် နစ်နာချက်ဖြေရှင်းခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၇။အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။

တိုင်ကြားချက်ကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရာတွင် ပြေငြိမ်းမှုရလျှင် ဆောင်ရွက်ရန်နှင့် ပြေငြိမ်းမှုမရလျှင် ဆောင်ရွက်ရန်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့အရ ဆွေးနွေးညှိနှိုင်းရာတွင် -
(က)ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။
(ခ)ပြေငြိမ်းမှုမရရှိပါက အငြင်းပွားမှုနှင့် စပ်လျဥ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိလျှင် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။(ဂ)စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိပါက နစ်နာသူသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

စုပေါင်းသဘောတူညီချက် သက်တမ်း တစ်နှစ်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။(ဃ)စုပေါင်းသဘောတူညီချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ရမည်။ အဆိုပါ သက်တမ်းကာလအတွင်း သဘောတူညီထားသည့်အချက်နှင့် စပ်လျဥ်း၍ ထပ်မံတောင်းဆိုခြင်းမပြုရ။

အလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် မပြုလုပ်ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၈။လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။

မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန် မပျက်ကွက်ရခြင်းနှင့် ပြစ်ဒဏ်များ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၃၈-က။မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ပုဒ်မ ၃ ပါ ပြဌာန်းချက်နှင့်အညီ ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် ပျက်ကွက်ခြင်း မရှိစေရ။ ထိုသို့ ဖွဲ့စည်းရန် ပျက်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ တရားရုံးမှ ပြစ်မှုထင်ရှားစီရင်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းရန် ထပ်မံပျက်ကွက်ခြင်းမရှိစေရ။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၉)
၄၆။(ခ)မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမဆို ပုဒ်မ ၃၈-က ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
၄၆-က။(ခ)ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ခ) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယင်းပြစ်မှုကို ထပ်မံကျူးလွန်သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ချမှတ်ရမည်။

ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိနေစဥ် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရခြင်းနှင့် ပြစ်ဒဏ်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၄၁။မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိစဥ်ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရ။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၉)
၄၇။မည်သူမဆို ပုဒ်မ ၄၀၊ ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည်။
 

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မီးဖွားခွင့်

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ဈ)မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။

မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၇-က။ကိုယ်ဝန်ဆောင် အမျိုးသမီးများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

လူမှုဖူလုံရေးအာမခံစနစ်အရ ရက်သတ္တပတ်ခြောက်ပတ်၊ ရက်သတ္တပတ်ရှစ်ပတ်နှင့် အမြွာကလေးမွေးခြင်းအတွက် ရက်သတ္တပတ်လေးပတ်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၅။(ဂ)မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ်ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွာကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့်

မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ်နှင့် လုပ်သက်လိုအပ်ချက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
၇။(ဂ)(၄)မီးဖွားခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ခံစားခွင့်ရှိသည်။

လူမှုဖူလုံရေးအာမခံစနစ်အရ လုပ်သက်နှင့် ထည့်ဝင်ကြေး လိုအပ်ချက်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၆။အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံးတစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။

ဆေးလက်မှတ်ထောက်ခံချက်ဖြင့် တင်ပြတောင်းခံရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၆။မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ တင်ပြတောင်းခံရမည်။

လူမှုဖူလုံရေး ဥပဒေနှင့်အညီ ခံစားခွင့်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၇။လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။

ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှု

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၈။ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေး မှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံးရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရမည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၅။(ဃ)ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် အများဆုံး ရက်သတ္တပတ်ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်၊

လူမှုဖူလုံရေးအာမခံစနစ်အရ မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၅။(က)ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံး၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှု ခံယူခွင့်၊
(ခ)မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှု ခံယူခွင့်၊

ဆေးခန်းပြရန် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၅။(င)ကိုယ်ဝန်ဆောင်စဥ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်၊

တစ်နှစ်အောက်ကလေးမွေးစားခြင်း

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၅။(စ)တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ်ရှစ်ပတ်ထက် မကျော်သောခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါ ငွေးကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်။

လူမှုဖူလုံရေး အာမခံစနစ်အရ ငွေကြေးအကျိုးခံစားခွင့်များ

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၇။(က)ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ခံစားခွင့်ရှိသော မိးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း၊
(ခ)ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွာကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွာကလေး သုံးဦးနှင့်အထက် မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊
(ဂ)ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။

ဇနီးသည် မီးဖွားမှုအတွက် အာမခံအမျိုးသား၏ ဖခင်ဘဝ အကျိုးခံစားခွင့်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၈။(က)အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်၊
(ခ)အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်၊
(ဂ)အာမခံထားသူမဟုတ်သော ဇနိးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆေးလက်မှတ်ခွင့်

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ဇ)ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။

တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ် ရနိုင်ခွင့်ရှိခြင်းနှင့် အနည်းဆုံးလုပ်သက် ခြောက်လမပြည့်လျှင် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၁)အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ်ထက် မပိုသော ကာလအပိုင်းအခြားအတွက် ဆက်လက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက် - သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိစေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၃။လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လ မပြည့်သေးသည့် အလုပ်သမားသည် လစာမရှိဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
၇။(ဂ)(၃)ဆေးခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင် ဆေးခွင့်ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံး လုပ်သက် (၆) လပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါ ခံစားခွင့်အတိုင်း ခံစားခွင့်ရှိသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၃။(က)မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှု စတင်ဖြစ်သည့်နေ့ မတိုင်မီ အနည်းဆုံးခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ ခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါခြောက်လအတွင်း အနည်းဆုံးလေးလအတွက် ထည့်ဝင်ကြေးငွေ ပေးသွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။

သွေးလှူခြင်းအတွက် ဆေးလက်မှတ်ခွင့်ရက် ၂ ရက်ပေးရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၂။မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်း ခိုင်လုံသည့်အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။

မည်သည့်ဆရာဝန်ထံမှ ဆေးလက်မှတ်ဖြင့် ဆေးလက်မှတ်ခွင့် ပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၂)အလုပ်ဆိုင်ရာ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သို့တည်းမဟုတ် အလုပ်ဌာနဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အလုပ်ဌာနက သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဌာနက သို့တည်းမဟုတ် အလုပ်ဌာနက သဘောတူသည့် ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ အစိုးရအမှုထမ်းများဖြစ်လျှင် အစိုးရဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ မီးရထားအလုပ်သမားဖြစ်လျှင် မီးရထားဘက်ဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင် ဆရာဝန်ထံမှသော်လည်းကောင်း၊ ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကို ပေးရမည်။

ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေ တွက်ချက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၅။ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရရှိသော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

လူမှုဖူလုံရေး အာမခံစနစ်အရ ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်း

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၃။(ခ)မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အလုပ်မလုပ်နိုင်သည့်ကာလအတွက် ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။

ဆေးလက်မှတ်ခွင့်ရက်ကာလအတွင်း အခကြေးငွေ သို့မဟုတ် လစာငွေကို ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် ပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၄)ဆေးလက်မှတ်ခွင့်ရက်ရသော အလုပ်သမားသည် ခွင့်ရက်နှင့်နေ့သည့် ကာလအပိုင်းအခြားအတွင်းတွင် သက်ဆိုင်ရာရာ မိမိရထိုက်ခွင့်ရှိသော အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်း ပေးရမည်။ အဆိုပါအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအားလည်းကောင်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်လည်းကောင်း ထုတ်ပေးရမည်။

ရက်ရှည်အလုပ်ပိတ်ရက်ကာလအတွင်း နာမကျန်းဖြစ်ခြင်းအတွက် ဆေးလက်မှတ်ခွင့်မရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၄။ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။

သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ပျက်ပြယ်ခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၅)အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်ကို ပျက်ပြယ်စေရမည်။

ဆေးလက်မှတ်ခွင့်ရက်နှင့် အခြားခွင့်ရက်ပေါင်းခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၇။ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်းခွင့်ပြုနိုင်သည်။
၇-က။ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

လူမှုဖူလုံရေး အာမခံစနစ်အရ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၁။(က)(၁)ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့်

ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်၊ ဆေးရုံဆေးခန်းနှင့် ကုန်ကျစရိတ်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၂။(က)ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင်ကုသသည့်နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ သို့ရာတွင် ထပ်တလဲလဲမကျန်းမာမှု၊ နာတာရှည်ရောဂါနှင့် ရောဂါတစ်မျိုးထက်ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှုအတွက် ရက်သတ္တပတ် ၅၂ ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြားသတ်မှတ်ပေးသည့် ကာလအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။
(ခ)လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည်။
(ဃ)ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရှောင်တခင်ခွင့်

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ဆ)ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။

တစ်နှစ်လျှင် စုစုပေါင်း ခြောက်ရက် ရနိုင်ခွင့်ရှိခြင်းနှင့် တစ်ကြိမ်လျှင် အများဆုံးသုံးရက် ခံစားခွင့်ရှိခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၅။(၁)အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ ရှောင်တခင်ခွင့်ရက်ကို တစ်နှစ်လျှင် စုစုပေါင်းခြောက်ရက် ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက် - သို့ရာတွင် ကုန်းလမ်းခရီးဖြင့်ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ၊ ခရီးဝေးသွားရန် အကြောင်းရှိလျှင်မှတပါး သို့တည်းမဟုတ် မိမိကိုးကွယ်သည့် ဘာသာဓလေ့ ထုံးတမ်းအစဥ်အလာအရ အကြောင်းထူးများရှိလျှင်မှတပါး တစ်ကြိမ်လျှင် အများဆုံး သုံးရက်ထက်ပို၍ ရနိုင်ခွင့်မရှိစေရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၉။ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်အထိ ခံစားနိုင်ပြီး သုံးရက်ထက်ကျော်လွန်ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက် ကျော်လွန်သည့် ရှောင်တခင်ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
၇။(ဂ)(၁)ရှောင်တခင်ခွင့် - အလုပ်စတင်ဝင်ရောက်သည့်နေ့ရက်မှ ၁၂ လအတွင်း ရှောင်တခင်ခွင့် ၆ ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူလျှင် ထိုခွင့်ပျက်ပြယ်သည်။ တစ်ကြိမ်လျှင် ၃ ရက်ထက်ပို၍ ခွင့်ခံစားခွင့်မရှိပါ။ အခြားမည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ခံစားခွင့်မရှိပါ။

အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့် ခံစားခွင့်ရှိခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၄။အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။

မည်သည့်ခွင့်နှင်မျှ မပေါင်းစပ်ရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၅။(၂)ရှောင်တခင်ခွင့်ရက်ကို အခြားမည်သည့် ခွင့်ရက်တစ်မျိုးမျိုးနှင့်မျှ မပေါင်းစပ်ရ။

အခြားခွင့်ရက်နှင့် တစ်ဆက်တည်းတောင်းခံခဲ့လျှင် တောင်းခံသော အခြားခွင့်ရက်ဖြစ်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၃၁။ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့်ရက်ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင်ဆက်၍ တောင်းခံသော အခြားခွင့်ရက်တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေ့ရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။

သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ပျက်ပြယ်ခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၅။(၃)အလုပ်သမားသည် မိမိရထိုက်သော ရှောင်တခင်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။

လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့်တစ်ရက်နှုန်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၈။အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့်တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသောအကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။

ရှောင်တခင်ခွင့်ရက်အတွက် အခကြေးငွေတွက်ချက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၃၂။ရှောင်တခင်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သော အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

မှတ်တမ်းထားရှိပြီး ဦးစီးဌာနသို့ လစဥ်ပေးပို့ရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၃၃။အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက် မှတ်တမ်းများကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဥ်ပေးပို့ရမည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်သက်ခွင့်

အဓိပ္ပါယ်ဖော်ပြချက်

၂။(၃)လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုလိုသည်။

တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမားအား နောက်လာမည့် ဆယ့်နှစ်လအတွင်း တစ်ဆက်တည်း ဆယ်ရက် ခွင့်ပြုရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၄။(၁)အလုပ်ရှင်သည် မိမိ၏အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမား အသီးသီးအား နောက်လာမည့် ဆယ့်နှစ်လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက် တစ်ဆက်တည်းခွင့်ပြုရမည်။

ရက်နှစ်ဆယ်ပြည့်အောင် မလုပ်ခဲ့သောလတိုင်းအတွက် တစ်ရက်ကျစီ အဖြတ်ခံရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၄။(၂)အလုပ်သမားသည် တစ်လလျှင် အနည်းဆုံး ရက်နှစ်ဆယ် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍ အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင် လုပ်သက်ခွင့်ရက်ကို ခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမားသည် ရက်နှစ်ဆယ်ပြည့်အောင်မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ အဖြတ်ခံရမည်။

ရှင်းလင်းချက် - အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာသောကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ဤအက်ဥပဒေအရခွင့်ပြုသော အခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှုသုံးမျိုးပေါင်းသည် ရက်ကိုးဆယ်ထက် မကျော်လွန်စေဘဲ) အလုပ်ပျက်ကွက်စေကာမူ သို့တည်းမဟုတ် အလုပ်ရှင်က အလုပ်ပိတ်ထားခြင်းကြောင့်ဖြစ်စေ၊ ဥပဒေနှင့် မညီသည်လည်းမဟုတ်သော သပိတ်မှောက်ခြင်းကြောင့်ဖြစ်စေ၊ မိမိအလိုအတိုင်းမဟုတ်ဘဲ ရံဖန်ရံခါ အလုပ်မရှိခြင်းကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှု သုံးမျိုးစုစုပေါင်းသည် ရက်သုံးဆယ်ထက် မကျော်လွန်စေဘဲ) ပျက်ကွက်စေကာမူ ထိုအလုပ်သမားသည် မိမိအလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သူဟု မှတ်ယူရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် နောက်ဆက်တွဲစည်းကမ်းများ

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းများ

နောက်ဆက်တွဲ (က)

အလုပ်သမားတစ်ဦးသည် အောက်ပါ သာမန်စည်းကမ်းချက်များမှ တစ်ခုခုကို လိုက်နာရန် လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၊ ကျူးလွန်ခြင်း ထင်ရှားပါက ပထမအကြိမ် စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံကတိလက်မှတ်ထိုးစေလျှက် ပြင်းထန်စွာ သတိပေးပြီးနောက် ထပ်မံကျူးလွန်ပါက နစ်နာကြေးမပေးဘဲ အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။

(၁)စက်ရုံမှ သတ်မှတ်ထားသော အလုပ်ချိန်နှင့်အညီ အချိန်မှန်စွာ အလုပ်တက်ခြင်း၊ ဆင်းခြင်း ပြုရမည်။ အလုပ်ခွင်သို့ ရောက်ရှိပြီးပါက ပြင်ပသို့ ထွက်ခွာခြင်းမပြုရ။ စက်ရုံပြင်ပသို့ ထွက်ခွာလိုပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ရယူပြီးမှသာ Gate Pass ဖြင့် ထွက်ရမည်။ သတ်မှတ်ထားသော အလုပ်ချိန်ထက် နောက်ကျခြင်း၊ စော၍ပြန်ခြင်းများ မပြုလုပ်ရ။
(၂)အလုပ်တက်/ဆင်း လက်မှတ်ရေးထိုးခြင်းနှင့် အလုပ်တက်/ဆင်း မှတ်တမ်းအဖြစ် အသုံးပြုသည့် စက်ပစ္စည်းကိရိယာကို ကိုယ်တိုင်လုပ်ဆောင်ရမည်။ လက်မှတ်ကြိုထိုးခြင်း၊ ကိုယ်စားထိုးပေးခြင်း၊ လိမ်လည်လက်မှတ်ရေးထိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မပြုလုပ်ရ။
(၃)စက်ရုံ၏ ဝန်ထမ်းဖြစ်ကြောင်း သိသာထင်ရှားစေရန် ဝန်ထမ်းကဒ်ကို အလုပ်ချိန်အတွင်း အမြဲတမ်းချိတ်ဆွဲထားရန်နှင့် တူညီဝတ်စုံ (Uniform) အား သတ်မှတ်ပေးထားပါက စနစ်တကျဝတ်ဆင်ရမည်။
(၄)လုပ်ငန်းနှင့်ပတ်သက်၍ ဌာနအကြီးအကဲတာဝန်ခံများက ပေးအပ်သည့် ညွှန်ကြားချက်ကို တိကျသေချာစွာ လိုက်နာဆောင်ရွက်ရမည်။
(၅)သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆင့်အလိုက် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် အလုပ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။
(၆)သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးနှင့် အရေအတွက် စံနှုန်း (Target) ကို ပြည့်မီအောင် ထုတ်လုပ်နိုင်စွမ်းရှိရမည်။
(၇)ကုန်ကြမ်းပစ္စည်းများ ပြတ်တောက်ခြင်းနှင့် စက်ရုံဘက်မှ အလုပ်မပေးနိုင်ခြင်းတို့မှအပ စက်ရုံလုပ်ငန်းဌာနခွဲအလိုက် နေ့စဥ်သတ်မှတ်ပေးထားသည့်စံနှုန်း (Target) ကို သတ်မှတ်ထားသောကာလအတွင်း ပြည့်မီအောင် ဆောင်ရွက်ရမည်။
(၈)အလုပ်တာဝန်ပြီးဆုံးချိန်တွင် မိမိ၏လုပ်ငန်းနေရာ သန့်ရှင်းရေးကို ကောင်းမွန်အောင် ပြုလုပ်ရမည်။ လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ သပ်ရပ်စွာသိမ်းဆည်းထားသိုရမည်။ မိမိ ကိုင်တွယ်မောင်းနှင်ခဲ့သော စက်အား သန့်ရှင်းရေးပြုလုပ်ခဲ့ရမည်။ မလိုအပ်သည့် မီးခလုပ်များ ပိတ်ထားရမည်။
(၉)စက်ရုံပိုင်ပစ္စည်းများကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုရ။
(၁၀)လုပ်ငန်း/ရုံနှင့် မသက်ဆိုင်သော ပြင်ပပစ္စည်းများအား ယူဆောင်လာခြင်း၊ ပြင်ဆင်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း မပြုရ။
(၁၁)လုပ်ငန်းမှ ထုတ်ပေးထားသည့် ပစ္စည်းများအား အလုပ်မှနှုတ်ထွက်သည့်နှင့် အလုပ်မှထုတ်ပယ်ခြင်း ခံရသည့်အခါ သက်ဆိုင်ရာဌာနသို့ စနစ်တကျ ပြန်လည်အပ်နှံရမည်။ ပြန်လည်အပ်နှံခြင်းမရှိပါက ၎င်းပစ္စည်း၏ တန်ဖိုးနှင့်ညီမျှသော ငွေကြေးကို ပေးလျော်ရမည်။
(၁၂)တာဝန်ရှိသူများနှင့် ဝန်ထမ်းအချင်းချင်းအား မရိုမသေမလေးမစားပြုခြင်း၊ မထီမဲ့မြင်ပြုခြင်းကို ရှောင်ကြဥ်ရမည်။ ဝန်ထမ်းအချင်းချင်း အရှက်ရစေရန်၊ သိက္ခာပျက်ယွင်းစေရန် ရည်ရွယ်ချက်ဖြင့် နောက်ပြောင်ခြင်း၊ အော်ဟစ်ဆူညံခြင်း၊ အပြောအဆိုအပြုအမူ ရိုင်းစိုင်းကြမ်းတမ်းခြင်း မပြုလုပ်ရ။
(၁၃)ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကြရမည်။
(၁၄)အလုပ်ခွင်အတွင်း၌ လုပ်ငန်းထိခိုက်အောင် ဝန်ထမ်းအချင်းချင်း ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း မပြုလုပ်ရ။
(၁၅)မိမိတာဝန်ကျသည့်နေရာမှ အကြောင်းမဲ့ကင်းကွာခြင်း မပြုလုပ်ရ။
(၁၆)မိမိတာဝန်ကျချိန်မှအပ သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိဘဲ စက်ရုံ (သို့မဟုတ်) စက်ရုံဝင်းအတွင်း ဝင်/ထွက် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း မပြုရ။
(၁၇)စက်ရုံမှ တားမြစ်ထားသည့်နေရာများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမပြုရ။
(၁၈)စက်ရုံဝင်းနှင့် အဆောက်အအုံအတွင်းသို့ ကျော်တက်ဝင်ထွက်ခြင်းမပြုရ။
(၁၉)စက်ရုံအဆောက်အအုံ၊ နံရံ၊ တံခါး၊ ပြတင်းပေါက်၊ ပစ္စည်းကိရိယာ၊ အသုံးအဆောင်များပေါ်တွင် အရုပ်များ၊ စာများ၊ ရုပ်ပြောင်(ကာတွန်း)များ ရေးဆွဲခြင်း၊ ကြော်ငြာခြင်း၊ ညစ်ပတ်ပေကျံအောင် ပြုလုပ်ခြင်း မပြုလုပ်ရ။
(၂၀)မိမိ၏ စားစရာများ၊ ထမင်းချိုင့်များကို သတ်မှတ်ထားသောနေရာတွင် ထားရမည်။ လုပ်ငန်းခွင့်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို အထူးဂရုစိုက်ဆောင်ရွက်ရမည်။
(၂၁)သန့်စင်ခန်းများကို စည်းကမ်းတကျ သန့်ရှင်းစင်ကြယ်စွာ အသုံးပြုရမည်။ ရေငုတ်တိုင်းများ၊ လက်ဆေးကန်များ၊ ရေပိုက်ခေါင်းများကို စနစ်တကျ ဖွင့်ပိတ်ရမည်။
(၂၂)အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သော ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း၊ ခွင့်ပြုချက်မရဘဲ ပြင်ပလူများအား ခေါ်ဆောင်လာခြင်း (သို့) လက်ခံထားခြင်းမပြုလုပ်ရ။
(၂၃)အလုပ်ချိန်အတွင်း အိပ်ငိုက်ခြင်း၊ လဲလျောင်းခြင်း၊ အိပ်စက်ခြင်း၊ ထမင်းစားခြင်း၊ မုန့်စားခြင်း၊ ကစားခြင်း၊ အလုပ်မလုပ်ဘဲ ထိုင်နေခြင်း၊ ဖုန်းပြောခြင်း၊ ဖုန်းဆော့ခြင်း မပြုလုပ်ရ။
(၂၄)လုပ်ငန်းခွင်အတွင်း ကွမ်းစားခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ပီကေစားခြင်း လုံးဝ မပြုလုပ်ရ။
(၂၅)အလုပ်ချိန်အတွင်းတွင် ခွင့်ပြုချက်မရဘဲ ငွေကြေးနှင့်ပတ်သက်သောကိစ္စများ ဆောင်ရွက်ခြင်းမပြုရ။ (ဥပမာအားဖြင့် အလှူခံခြင်း၊ ရန်ပုံငွေလက်မှတ်များ ရောင်းချခြင်း၊ ငွေချေးခြင်း၊ အတိုးပေးခြင်း၊ လစာလွှဲပြောင်းခြင်း။)
(၂၆)အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ကိစ္စရပ်များ လုံးဝမပြုလုပ်ရ။
(၂၇)ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော အမိန့်၊ ကြော်ငြာစာရွက်များကို တမင်သက်သက်ဖျက်ဆီးခြင်း၊ ထပ်မံရေးခြစ်ပုံပျက်စေခြင်း မပြုလုပ်ရ။
(၂၈)လုပ်ငန်းဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များကို အလေးထားလိုက်နာရမည်။ ကိရိယာ တန်ဆာပလာများကို ခွင့်ပြုချက်မရှိဘဲသုံးစွဲခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရ။
(၂၉)လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေခြင်း (သို့မဟုတ်) ရောင်းချခြင်း မပြုလုပ်ရ။
(၃၀)ကုမ္ပဏီ/စက်ရုံ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ (လုံးဝ) မပြုလုပ်ရ။
(၃၁)တာဝန်အရ စစ်ဆေးခြင်းအပေါ် ငြင်းပယ်ခြင်း၊ မချေမငံ ပြုမူပြောဆိုဆက်ဆံခြင်း မပြုရ။
(၃၂)စက်ရုံမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သော ဒေသန္တရာအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(လိုအပ်လျှင် ဌာနတစ်ခုမှ တစ်ခုသို့ လုပ်ကိုင်ပေးရမည်။)
(၃၃)ရည်ရွယ်ချက်ဖြင့် တမင်လုပ်ငန်းကျဆင်းစေရန် စွမ်းဆောင်ရည် လျှော့ချခြင်းမပြုလုပ်ရ။
(၃၄)အလုပ်သမားသည် တမင်ရည်ရွယ်၍ ထုတ်ကုန်ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးအစားလွဲမှား၍ ထုတ်ပိုးခြင်းများ မဖြစ်စေရ။ ဖြစ်ပါက ကုမ္ပဏီ၏ အမည်နှင့် ဂုဏ်သတင်းထိခိုက်မှု အခြေအနေအပေါ်မူတည်၍ ပစ္စည်းတန်ဖိုးကို ပေးလျော်ရမည်။
(၃၅)လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်သာယာ အေးချမ်းရေးကိုသော်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးကိုသော်လည်းကောင်း ထိခိုက်စေမည့် တရားမဝင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းရန် လှုံ့ဆော်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ အလုပ်မဆင်းရန် နှိုးဆော်ခြင်းများ မပြုလုပ်ရ။

နောက်ဆက်တွဲ (ခ)

အလုပ်သမားတစ်ဦးသည် အောက်ဖော်ပြပါ ကြီးလေးသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်းထင်ရှားလျှင် အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးခံရမည့်အပြင် မည်သည့် နစ်နာကြေး၊ အကျိုးခံစားခွင့်မျှ ရမည်မဟုတ်ပါ။

အလုပ်ရပ်စဲခံရသော အလုပ်သမားများအတွက် နစ်နာကြေးနှုန်းထားများ

အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅)

နေပြည်တော် ၁၂၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အလုပ်မှရပ်စဲခံရသော အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။

နစ်နာကြေးနှုန်းထားများ

အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်း ပေးရမည်။

(က)လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက် လစာ
(ခ)လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ
(ဂ)လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲ လစာ
(ဃ)လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ
(င)လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ
(စ)လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ
(ဆ)လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ
(ဇ)လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက နစ်နာကြေး ရှစ်လစာ
(ဈ)လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ
(ည)လုပ်သက် ၂၅ နှစ်နှင့်အထက် ရှိပါက နစ်နာကြေး ၁၃ လစာ

 

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်

ဤစာမျက်နှာတွင် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များကို ပေါင်းစည်းဖော်ပြထားသည်။ သို့သော် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အမျိုးအစား တစ်မျိုးချင်းစီအတွက် သီးခြားစာမျက်နှာတစ်ခုစီ ခွဲထုတ်ဖော်ပြထားသည်။

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အမှတ် ၃၀

အဓိပ္ပါယ်ဖော်ပြချက်များ

၂။ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင် -
(၁)နေ့ သို့တည်းမဟုတ် ရက် ဆိုသည်မှာ ညဥ့်သန်းခေါင်အချိန်မှစ၍ ရေတွက်သည့် နှစ်ဆယ့်လေးနာရီကာလအပိုင်းအခြားကို ဆိုလိုသည်။
(၂)ခွင့်ရက် ဆိုရာတွင် လုပ်သက်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက် တို့ပါဝင်သည်။
(၃)လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ တာဝန်ဝတ္တရားဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုလိုသည်။
(၄)အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် အမြဲတမ်းအလုပ်သမား အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုအားထားပြုလုပ်ကိုင်နေသူကို ဆိုလိုသည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်ချေ။
(က)ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်း၊ သို့မဟုတ် ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့် အလုပ်ရှင်ဖြစ်လျှင် ထိုအလုပ်ရှင်၏ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို (အရင်း)၊ ညီအစ်မ (အရင်း)နှင့် မောင်နှမအရင်းများ
(ခ)အလုပ်ကဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းကဖြစ်စေ သို့မဟုတ် စီးပွားရေးလုပ်ငန်းကဖြစ်စေ၊ အလုပ်ဌာနကဖြစ်စေ ရရှိသော အမြတ်အစွန်းထဲမှ အခကြေးငွေကို မိမိ၏ဝေစုအဖြစ်ဖြင့် ရရှိသူများ
(ဂ)ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ ကလေးထိန်းနှင့် အစောင့်
(ဃ)တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အကြောင်းအားလျော်စွာ အခကြေးငွေနှင့် သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန်ပြဌာန်းထားသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များရရှိသော နိုင်ငံ့ဝန်ထမ်းများ
(၅)အလုပ်ရှင် ဆိုသည်တွင် ကျနစွာဖွဲ့စည်းသည့် သို့တည်းမဟုတ် မဖွဲ့စည်းသည့် ပုဂ္ဂိုလ်တစ်စုနှင့် အလုပ်ရှင်၏ အုပ်ချုပ်မှုကိုယ်စားလှယ်ပါဝင်သည့်အပြင် ကွယ်လွန်သူအလုပ်ရှင်၏ တရားဝင်ကိုယ်စားလှယ်လည်း ပါဝင်သည်။
(၆)လစာငွေ ဆိုသည်မျာ အခြေခံလစာကို ဆိုလိုသည်။ ရှားပါးစရိတ်ရှိလျှင် အခြေခံလစာငွေနှင့် ရှားပါစရိတ် နှစ်ရပ်ပေါင်းကို ဆိုလိုသည်။
(၇)မှတ်ပုံတင်ဆရာဝန် ဆိုသည်မှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံတင်စာရင်းထားရှိရေးအတွက် ပြဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်အပြင် ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန်မရှိသည့် အရပ်ဒေသတစ်ခုခုအတွက် ဤအက်ဥပဒေအလို့ငှာ မှတ်ပုံတင်ဆရာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ပြဌာန်းသူသည်လည်း ထိုစကားရပ်တွင် ပါဝင်သည်။
(၈)အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တို့ကို ဆိုသည်။
(၉)အခကြေးငွေ ဆိုသည်မှာ အခကြေးငွေပေးချေရေးအက်ဥပဒေ၊ ပုဒ်မ ၂ (၆) တွင် အဓိပ္ပါယ်ဖော်ပြထားသည့် အခကြေးငွေကို ဆိုလိုသည်။

ခွင့်ရက်ကို ပေါင်း၍ဖြစ်စေ၊ ဆက်၍ဖြစ်စေ ပေးခြင်း

၇။ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်း ခွင့်ပြုနိုင်သည်။
၇-က။ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပါတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

တဆက်တည်း ဆယ့်နှစ်လမလုပ်ရသည့် အလုပ်နှင့်စပ်လျဥ်းသည့် ခွင့်ရက်

၈။ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တွင် မည်သို့ပင်ဆိုစေကာမူ ဆယ့်နှစ်လပတ်လုံး တစ်ဆက်တည်းမလုပ်ရသည့် အလုပ်တစ်ခုခုတွင်ဖြစ်စေ၊ စက်မှုလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ၊ အလုပ်ဌာနတစ်ခုခုတွင်ဖြစ်စေ လုပ်သည့် အလုပ်သမားသည် လုပ်သက်ခွင့်ရက်ကို သို့တည်းမဟုတ် ရှောင်တခင်ခွင့်ရက်ကို သို့တည်းမဟုတ် ဆေးလက်မှတ်ခွင့်ရက်ကို မိမိလုပ်သက်၏ အချိုးကျအတိုင်း ရနိုင်စေရမည်။

ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် စပ်လျဥ်းသည့် သဘောတူစာချုပ် ပျက်ပြယ်ခြင်း

၉။ဤအက်ဥပဒေတွင် ပြဌာန်းထားသည့်အောက် အကျိုးယုတ်လျော့သော စည်းကမ်းချက်များဖြင့် ခွင့်ရက်ကိုဖြစ်စေ၊ အလုပ်ပိတ်ရက်ကိုဖြစ်စေ ယူရန် အလုပ်သမားကချုပ်ဆိုသည့် အလုပ်သဘောတူစာချုပ်သည် သို့တည်းမဟုတ် အလုပ်ပဋိညာဥ်စာချုပ်သည် အလုပ်ရှင်၏ တာဝန်ကို ယုတ်လျော့စေသည့် သဘောသက်ရောက်သည်နှင့်အမျှ ပျက်ပြယ်ရမည်။

ကင်းလွတ်ချက်များ

၁၀။(၁)အလုပ်တွင်သော်လည်းကောင်း၊ စက်မှုလုပ်ငန်းတွင်သော်လည်းကောင်း၊ အလုပ်ဌာနတွင်သော်လည်းကောင်း ပိုင်ရှင်အပြောင်းအလဲ မည်သို့ပင်ရှိစေကာမူ ထိုအကြောင်းအလဲကြောင့် ဤအက်ဥပဒေအရ အလုပ်သမားရထိုက်သော အခွင့်အရေးများကို မထိခိုက်စေရ။
(၂)သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ ရသည့်ခွင့်ရက်နှင့် သို့တည်းမဟုတ် အလုပ်ပိတ်ရက်နှင့်စပ်လျဥ်း၍ ဤအက်ဥပဒေတွင် ပြဌာန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများထားရှိသော အခြားဥပဒေအရဖြစ်စေ၊ အဆုံးအဖြတ်၏ သို့တည်းမဟုတ် အလုပ်သဘောတူစာချုပ်၏ သို့တည်းမဟုတ် အလုပ်ပဋိညာဥ်စာချုပ်၏ စည်းကမ်းချက်များအရဖြစ်စေ၊ ထုံးစံဓလေ့အရဖြစ်စေ၊ အလုပ်သမားခံစားခွင့်ရှိသော အခွင့်အရေးများကို ဤအက်ဥပဒေပါ ပြဌာန်းချက်တစ်ခုခုကြောင့် မနစ်နာစေရ။

ပြစ်မှုများကိုအရေးယူခြင်း

၁၆။(၁)ဤအက်ဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတစ်ခုခုအတွက် စစ်ဆေးရေးအရာရှိမှတပါး သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော ကြိုတင်အခွင့်အမိန့်ကို ရရှိသောသူမှတပါး အခြားမည်သူမျှ တရားစွဲဆိုခြင်းမပြုရ။
(၂)ဤအက်ဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ပြစ်မှုကို ပဌမတန်းအာဏာရ တရားသူကြီးရုံးအောက် နိမ့်သော မည်သည့်တရားရုံးကမျှ မစစ်ဆေးရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်