အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၁)
၂။...
......
(စ)မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက် ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူ၏ အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါ ဝန်ဆောင်မှုလုပ်ငန်းကို ဆိုသည်။
(၁)ရေပေးဝေရေးလုပ်ငန်း
(၂)လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း
(၃)မီးသတ်လုပ်ငန်း
(၄)ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း
(၅)တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း
(၆)ဝန်ကြီးဌာနက မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လုပ်ငန်းများ။
(ဆ)အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်။
(၁)သယ်ယူပို့ဆောင်ရေးလုပ်ငန်း
(၂)ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း
(၃)စာတိုက်၊ တဲလက်စ် သို့မဟုတ် ဖက်(စ်) လုပ်ငန်း
(၄)သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ လုပ်ငန်း
(၅)အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးသည့် လုပ်ငန်း
(၆)အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း
(၇)အများပြည်သူတို့အား လျှပ်စစ်ဓါတ်အား သို့မဟုတ် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း
(၈)အများပြည်သူဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း
(၉)ပြည်ထောင်စု အစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်း။
(ဍ)အငြင်းပွားမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများ၏ အလုပ်ခန့်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရပ်စဲခြင်းတို့နှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ လုပ်သက်ဆု၊ လုပ်အားဆုနှင့် စရိတ်အပါအဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်နှင့် သက်ဆိုင်သည့် ထိခိုက်နစ်နာမှုများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ သို့မဟုတ် လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်သော ရောဂါများအတွက် လျော်ကြေးနှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်သမားများ၏ နားရက်၊ ခွင့်ကိစ္စ အပါအဝင် အလုပ်သမားရေးရာ အခြားကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်သော်လည်းကောင်း အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်ရှင်များ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားတစ်ဦး သို့မဟုတ် အလုပ်သမားများ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်သမားအဖွဲ့အစည်းတို့အကြား ဖြစ်ပွားသော အငြင်းပွားမှု သို့မဟုတ် သဘောထားကွဲလွဲမှုကို ဆိုသည်။
(ဎ)အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ အလုပ်သမားများ၏ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှကို ဆိုသည်။
(ဏ)အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ စုပေါင်းသဘောတူညီချက်နှင့် စပ်လျဥ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် အကျုံးဝင်မှုမရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အငြင်းပွားမှုနှင့် လုပ်ငန်းခွင် ဆက်ဆံရေးနှင့် စပ်လျဥ်းသော အငြင်းပွားမှုကို ဆိုသည်။

တောင်းဆိုတိုင်ကြားချက်ကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ က ဦးစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၆။(က)အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း ဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်ဆိုချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။
(ခ)ညှိနှိုင်းရေးကော်မတီသည် ဆောက်ရွက်မှု အခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။
၇။အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။
၈။လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။
၉။ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့အရ ဆွေးနွေးညှိနှိုင်းရာတွင် -
(က)ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။
(ခ)ပြေငြိမ်းမှုမရရှိပါက အငြင်းပွားမှုနှင့် စပ်လျဥ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုကို တိုင်ကြားနိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၃။အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဘက်ဘက်သည် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဥ်း၍ မကျေနပ်သူကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့် ဖြစ်စေ သက်ဆိုင်ရာ ဦးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်သည်။

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို တိုင်းကြားနိုင်ခြင်းနှင့် ခုနှစ်ရက်အတွင်း ဖျန်ဖြေပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၄။အငြင်းပွားမှုနှင့် စပ်လျဥ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဘက်ဘက်၏ တိုင်ကြားချက်အရ ဖြစ်စေ၊ ဝန်ကြီဌာန၏ အကြောင်းကြားချက်အရဖြစ်စေ၊ ဝန်ကြီဌာန၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကော်စီ၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုအရ ဖြစ်စေ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ညှိနှုိင်းဖျန်ဖြေရေးအဖွဲ့သည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။
(က)အငြင်းပွားမှုနှင့် စပ်လျဥ်း၍ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးရမည်။
(ခ)ပုဒ်မခွဲ (က) အရ ဖျန်ဖြေရာတွင် ပြေငြိမ်းမှုရရှိပါက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုစေခြင်း
(ဂ)ညှိနှုိင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် နှစ်ဘက်သဘောတူစာချုပ် ဖောက်ဖျက်လျှင် ဦးစီးဌာနမှ တာဝန်ပေးအပ်သည့် အရာရှိက ဖောက်ဖျက်သည့်ဘက်ကို တရားစွဲရမည်။

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၅။ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် ပြေငြိမ်းမှုမရရှိသော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး ထိုသို့ လွှဲပြောင်းပေးပို့ကြောင်းကို အငြင်းပွားမှုနှင့် သက်ဆိုင်သူများထံ အသိပေးအကြောင်းကြားရမည်။
၂၆။ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် ဖျန်ဖြေရေးဆောင်ရွက်ရာတွင် ပြေငြိမ်းမှုမရသည့် အချက်များအပေါ် သုံးသပ်အကြံပြုချက်ပါဝင်သော အသေးစိတ်အစီရင်ခံစာနှင့်အတူ အမှုတွဲအား တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်။

ခုံသမာဓိအဖွဲ့သည် လက်ခံရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို ခုနှစ်ရက်အတွင်း ဖြေရှင်းပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၇။သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သည် ပုဒ်မ ၂၆ အရ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ပြီး တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ဆုံးဖြတ်ချက်ပေးပို့ရမည်။ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ဖြစ်ပါက ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ မိတ္တူပေးပို့ရမည်။

ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ခုံသမာဓိကောင်စီသို့ တက်ရောက်နိုင်ခြင်း သို့မဟုတ် သပိတ်မှောက်နိုင်ခြင်း၊ အလုပ်ပိတ်နိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၈။မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မှတပါး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။
(က)ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူ တစ်ဘက်ဘက်မှ လျှောက်ထားခြင်း။
(ခ)အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းကို သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်နိုင်ခြင်း။

မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါက ခုံသမာဓိကောင်စီသို့ နှစ်ရက်အတွင်း လျှောက်ထားရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၉။မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဥ်း၍ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျနပ်သည့် သက်ဆိုင်ရာ အငြင်းပွားသူ တစ်ဦးဦးသည် ယင်းဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် နေ့ရက်မှ တရားဝင် ရုံးပိတ်ရက်များမပါ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီသို့ လျှောက်ထားရမည်။

လျှောက်ထားချက်အပေါ် ခုံသမာဓိကောင်စီက ၁၄ ရက် သို့မဟုတ် ၇ ရက်အတွင်း ဆုံးဖြတ်ချက်ချခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၃၀။ခုံသမာဓိကောင်စီသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၉ တို့အရ လျှောက်ထားချက်နှင့် စပ်လျဥ်း၍ စစ်ဆေးဆုံးဖြတ်ရန် ခုံအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးရမည်။
၃၁။ခုံအဖွဲ့သည် -
(က)ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် အငြင်းပွားမှုကို လက်ခံရရှိသည့် နေ့ရက်မှ ၁၄ ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
(ခ)ဆုံးဖြတ်ချက်ကို တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ပေးပို့ရမည်။
၃၂။ခုံအဖွဲ့သည် -
(က)ပုဒ်မ ၂၉ အရ လျှောက်ထားသည့် အငြင်းပွားမှုကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်တွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
(ခ)ဆုံးဖြတ်ချက်ကို တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ပေးပို့ရမည်။

ဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၃၃။ခုံသမာဓိကောင်စီသည် ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) အရ ခုံအဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကော်စီ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များထံ ပေးပို့ရမည်။

ခုံသမာဓိကောင်စီသို့ တင်ပြလျှောက်ထားခြင်းမရှိလျှင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက် အတည်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၄။ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဘက်အငြင်းပွားသူများက သဘောတူလျှင် သို့မဟုတ် အငြင်းပွားသူ တစ်ဘက်ဘက်က သတ်မှတ်ကာလအတွင်း ခုံသမာဓိကောင်စီသို့ တင်ပြလျှောက်ထားခြင်းမရှိလျှင် ယင်း ဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်သည်။

ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၅။ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်အဖြစ် မှတ်ယူရမည်။ ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်သည်။

ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၉၀ ကျော်ပါက ပြင်ဆင်နိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၆။သက်ဆိုင်ရာ အငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် အတည်ဖြစ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်ပါက ယင်း ပြင်ဆင်ပြောင်းလဲရန် သဘောတူညီနိုင်သည်။ ယင်းသဘောတူညီချက်အရ ပြင်ဆင်ပြောင်းလဲချက်သည် ခုံသမာဓိ ဆုံးဖြတ်ချက်၏ သက်ဆိုင်ရာ အပိုင်းကို လွှမ်းမိုးစေရမည်။

ဆုံးဖြတ်ချက်ကို လိုက်နာရမည့် ပုဂ္ဂိုလ်များ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၇။အတည်ဖြစ်ပြီးသည့် ဆုံးဖြတ်ချက်ကို အောက်ပါ ပုဂ္ဂိုလ်များက လိုက်နာရမည်။
(က)အငြင်းပွားမှုနှင့် သက်ဆိုင်သူ အားလုံး၊
(ခ)အငြင်းပွားမှုတွင် ပါဝင်သော အလုပ်ရှင်၏ ဥပဒေအရ တရားဝင်ဆက်ခံသူများ၊
(ဂ)အငြင်းပွားမှု ဖြစ်ပွားသောအချိန်တွင် သို့မဟုတ် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ အားလုံး။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

My Neovim Setup

Neovim is a fork of aiming to improve the codebase, allowing for easier implementation of APIs, improved user experience and plugin implementation.

Setting up Neovim

This is my neovim setup of personal preference. The setup or configuration is all included in ~/.config/nvim/init.lua file. Except native user settings, the following plugins are installed:

  1. savq/paq-nvim plugin manager written in Lua.
  2. hrsh7th/nvim-cmp auto-completion.
  3. neovim/nvim-lspconfig language server protocol (LSP).
  4. L3MON4D3/LuaSnip snippet engine.
  5. rafamadriz/friendly-snippets snippets.
  6. nvim-treesitter/nvim-treesitter treesitter for better syntax highlighting colors.
  7. marko-cerovac/material.nvim material colorscheme.
  8. nvim-telescope/telescope.nvim telescope search tool.
  9. nvim-tree/nvim-tree.lua side bar file explorer.
  10. nvimdev/indentmini.nvim indent line.
  11. windwp/nvim-ts-autotag autoclose and autorename html tag.

The above plugins are not all plugins required because most of them require other plugins as dependencies. For example, nvim-cmp requires the followings:

Git Rebase

git rebase

 

In the following scenario, the safest option is using git pull --rebase or setting configuration by git config pull.rebase true.

Analysis of the scenario

  1. Current state on Remote:
    file aaa.txt exits and file bbb.txt does not exist yet.
  2. Current state on Local:
    file aaa.txt does not exist and file bbb.txt has been created.

In above scenario and local repository on the computer, git push will fail with the following message:

Controlling Running a Script

We often need to run our script avoiding certain situations like the followings.

  1. Avoiding running a script as ROOT.
  2. Avoiding running a script in background.
  3. Avoiding running a script if the script is already running.
  4. Avoiding unnecessary remains exist.

 

Avoiding running a script as ROOT

It is undesirable if a script was accidentally run as ROOT while the script is supposed to be run as normal user. To avoid this situation:

အထူးသက်ဆိုင်စေခြင်း

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၆)
အထူးသက်ဆိုင်စေခြင်း

ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အလုပ်များ

၅၂။အလုပ်ရုံတွင် လုပ်ရသည့်အလုပ်သည် အလုပ်သမားတို့၏ ကိုယ်အင်္ဂါကို ထိခိုက်နာကျင်စေမည့် သို့တည်းမဟုတ် အလုပ်သမားများကို အဆိပ်မိစေမည့် သို့တည်းမဟုတ် ရောဂါဖြစ်စေမည့် လက္ခဏာရှိသည့် အလုပ်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင် အလုပ်လုပ်နေသည့် အလုပ်ရုံတစ်ခုခုနှင့် သော်လည်းကောင်း၊ အလုပ်ရုံအမျိုးအစားတစ်ခုခုနှင့် သော်လည်းကောင်း၊ သက်ဆိုင်သည့် နည်းဥပဒေများကို ပြုနိုင်သည်။ ထိုနည်းဥပဒေများဖြင့် -
......

မတော်တဆထိခိုက်မှုများကို နို့တစ်စာပေးပို့ခြင်း

၅၃။အလုပ်ရုံတွင် မတော်တဆထိခိုက်၍ သေဆုံးလျှင်သော်လည်းကောင်း၊ ကိုယ်အင်္ဂါ ထိခိုက်နာကျင်ပြီးနောက် လေးဆယ့်ရှစ်နာရီမျှ၊ သို့တည်းမဟုတ် လေးဆယ့်ရှစ်နာရီထက်ပို၍ အလုပ်ရုံတွင် အလုပ်မလုပ်နိုင်လျှင် သော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ပြဌာန်းသတ်မှတ်ထားသည့် အမျိုးအစားဖြစ်သော မတော်တဆ ထိခိုက်မှုဖြစ်လျှင် သော်လည်းကောင်း၊ အလုပ်ရုံမန်နေဂျာသည် ဆိုခဲ့သည့်အတိုင်း မတော်တဆ ထိခိုက်သည့်အကြောင်းကို ပြဌာန်းသည့် ပုံစံဖြင့် နို့တစ်စာရေးသား၍ ပြဌာန်းသည့် အချိန်အတွင်း ပြဌာန်းသည့် အာဏာပိုင်တို့ထံ ပေးပို့ရမည်။

ရောဂါဖြစ်ပွားကြောင်းကို နို့တစ်စာပေးပို့ခြင်း

၅၄။(၁)အလုပ်ရုံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးဦးကို အလုပ်သမားလျော်ကြေး အက်ဥပဒေ၏ ဇယား ၃ တွင် သီးခြားဖော်ပြထားသည့် ရောဂါတစ်မျိုးမျိုး စွဲကပ်လျှင် ထိုသို့ စွဲကပ်ကြောင်းကို အလုပ်ရုံမန်နေဂျာက အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံသို့လည်းကောင်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် တာဝန်ခံထံသို့လည်းကောင်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်ထံသို့ လည်းကောင်း၊ ပြဌာန်းပုံစံဖြင့် ပြဌာန်းသည့် အကြောင်းအရာများ ဖော်ပြလျက် ပြဌာန်းသည့် အချိန်အတွင်း နို့တစ်စာပေးပို့ရမည်။
......

မတော်တဆထိခိုက်မှုများနှင့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးရန် ဆင့်ဆိုနိုင်သည့် အာဏာ

၅၅။(၁)အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ...
......

နမူနာယူရန် အာဏာ

၅၆။(၁)အလုပ်ရုံတွင် အသုံးပြုသည့် သို့တည်းမဟုတ် အသုံးပြုရန် ကြံရွယ်သည့် မည်သည့် ပစ္စည်းမဆို -
......

အဆောက်အဦးတည်ဆောက်ခြင်းနှင့် အခြားအင်ဂျင်နီယာ အလုပ်များ

၅၇။(၁)...
......

ပင်လယ်ကူး သင်္ဘောကျင်း၊ ပင်လယ်ကူး သင်္ဘောတံတား၊ ပင်လယ်ကူး သင်္ဘောဆိပ်ခံတံတား၊ ကုန်လှောင်ရုံနှင့် သင်္ဘောများ

၅၇။(၁)...
......

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် သက်သာချောင်ချိရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၅)
သက်သာချောင်ချိရေး

ဖွပ်လျှော်ဆေးကြောရန် လွယ်ကူမှု အခွင့်အလမ်း

၄၄။(၁)အလုပ်ရုံတိုင်းတွင် -
(က)အလုပ်သမားများ ဖွပ်လျှော် ဆေးကြောနိုင်ရန် သင့်တော် လုံလောက်သော လွယ်ကူမှု အခွင့်အလမ်းများကို စီမံထားရှိရမည်။
(ခ)ထိုလွယ်ကူမှုအခွင့်အလမ်းများကို ယောက်ျားအလုပ်သမားများနှင့် မိန်းမအလုပ်သမားများ အတွက် သီးခြား၍ လုံလောက်စွာ ကာရံထားရမည်။
(ဂ)ထိုလွယ်ကူမှု အခွင့်အလမ်းများကို အလွယ်တကူ သွားလာဝင်ထွက်နိုင်အောင် စီမံ၍ သန့်ရှင်းစင်ကြယ်စွာ ထားရှိရမည်။
(၂)...

အဝတ်များထားရန်နှင့် လှန်းရန် အခွင့်အလမ်းများ

၄၅။...

အလွယ်တကူထိုင်ရန် အခွင့်အလမ်းများ

၄၆။(၁)အလုပ်ရုံတိုင်းတွင် မတ်တပ်အလုပ်လုပ်ကြသော အလုပ်သမားအားလုံးသည် မိမိတို့ အလုပ်လုပ်နေစဥ်အခါ နားခွင့်ကြုံက နားနိုင်ရန်အလို့ငှာ ထိုင်ရန် အခွင့်အလမ်းများကို သင့်တော်အောင် စီမံထားပေးရမည်။
......

သူနာပြုကိရိယာများ

၄၇။(၁)အလုပ်ရုံတိုင်းတွင် ပြဌာန်းသည့် ပစ္စည်းများ ထည့်ထားသော သူနာပြု ဆေးသေတ္တာ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံးကို အလုပ်ချိန်အတွင်း အလွယ်တကူ အသုံးပြုနိုင်ရန် စစ်ဆေးရေးအရာရှိက ညွှန်ကြားသည့် သင့်လျော်သောနေရာတွင် အလုပ်ရုံမန်နေဂျာက အသင့်စီမံထားရှိရမည်။ အလုပ်သမား တစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေလျှင် နောက်ထပ် အလုပ်သမား တစ်ရာအတွက် သို့တည်းမဟုတ် ထိုထက်နည်းသော နောက်ထပ် အလုပ်သမားများအတွက် နောက်ထပ် ဆေးသေတ္တာ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံး ထားရှိရမည်။
(၂)ပြဌာန်းထားသည့် ပစ္စည်းများမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတွင် မထားရ။ ထို့ပြင် ထိုသူနာပြု ဆေးသေတ္တာနှင့် ဆေးဘီရိုများကို သူနာပြုအတတ် တတ်မြောက်ပြီးသော တာဝန်ခံတစ်ယောက်၏ လက်အောက်တွင် ထားရှိရမည်။ ထိုသူသည် အလုပ်ချိန်တွင် အမြဲရှိရမည်။
(၃)အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ပြဌာန်းထားသည့် ပစ္စည်းများနှင့်တကွ ပြဌာန်းသည့် အကျယ်အဝန်းရှိသော သူနာပြုခန်း သို့တည်းမဟုတ် ဆေးပေးရုံတစ်ခု ထားရှိရမည်။ ထိုဆေးခန်းကို ပြဌာန်းထားသည့် ဆရာဝန်နှင့် သူနာပြုဆရာများက ကြီးကြပ်စီမံရမည်။

အလုပ်သမားများအတွက်ဆိုင်များ

၄၈။(၁)အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည် သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော သီခြားသတ်မှတ်ထားသည့် အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တစ်ခုခုတွင် အလုပ်သမားများ ဝယ်ယူသုံးစွဲနိုင်ရန် အလို့ငှာ လုပ်ငန်းပိုင်ရှင်က လုံလောက်သော ဆိုင်တစ်ဆိုင် ထားရှိပေးရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။
......

နားနေခန်းများနှင့် စားသောက်ခန်းများ

၄၉။(၁)သာမန်အားဖြင့် အလုပ်သမား တစ်ရာထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်၊ အလုပ်သမားများ အသုံးပြုရန် သင့်တော်လုံလောက်သော နားနေခန်းများနှင့် အလုပ်သမားများ မိမိတို့ယူဆောင်လာသော အစာကို စားနိုင်ရန် သောက်ရေနှင့်တကွ သင့်တော်လုံလောက်သော စားသောက်ခန်း စီမံထားရှိရမည်။
...
......

ကလေးထိန်းခန်း

၅၀။(၁)မိခင်အလုပ်သမား ၁၀၀ ဦးနှင့်အထက်ရှိသော အလုပ်ရုံတွင် လုပ်ငန်းပိုင်ရှင်သည် ထိုမိခင်အလုပ်သမားများ၏ ငါးနှစ်အောက် ကလေးများအတွက် ကလေးထိန်းဌာနကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အကူအညီရယူဆောင်ရွက်ရမည်။ မိခင်အလုပ်သမား ၁၀၀ ဦးမပြည့်သည့် အလုပ်ရုံတွင် ယင်းတို့၏ ငါးနှစ်အောက် ကလေးများအတွက် လုပ်ငန်းပိုင်ရှင်က ကလေးထိန်းခန်းကို သင့်တော်သလို စီမံထားရှိရမည်။
......

ဤအခန်းကို ဖြည့်စွက်ရန် နည်းဥပဒေများ ပြုနိုင်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အာဏာ

၅၁။(၁)...

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၄)
ဘေးရန်ကင်းရှင်းမှု

စက်ကိရိယာများကို ကာရံထားခြင်း

၂၃။(၁)အလုပ်ရုံတိုင်းတွင် အောက်ပါ စက်ကိရိယာများကို ထိုစက်ကိရိယာများ လည်နေစဥ် သို့တည်းမဟုတ် ...
......

လည်နေသော စက်ကိရိယာ၌ သို့တည်းမဟုတ် ထိုစက်ကိရိယာအနီး၌ အလုပ်လုပ်ခြင်း

၂၄။......
၂၄။(၂)မည်သည့်မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ စက်ကိရိယာ အစိတ်အပိုင်း လည်နေစဥ်၊ ထိုအစိတ်အပိုင်းကို တိုက်ချွတ်ရန်၊ စက်ဆီထည့်ရန်၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင်ရန် သော်လည်းကောင်း၊ လည်နေသည့် စက်ကိရိယာ၏ လည်နေသော အစိတ်အပိုင်းစပ်ကြားတွင် သို့တည်းမဟုတ် ပုံသေတပ်ထားသည့် အစိတ်အပိုင်းနှင့် လည်နေသော အစိတ်အပိုင်း စပ်ကြားတွင် အလုပ်လုပ်ရန် သော်လည်းကောင်း ခွင့်မပြုရ။
......

ဘေးအန္တရာယ် ဖြစ်စေတတ်သော စက်ကိရိယာများ၌ လူငယ်များအား ခိုင်းစေခြင်း

၂၅။(၁)စက်နှင့်စပ်ဆိုင်သော ဘေးအန္တရာယ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်မှုများကို အစုံအလင် သိရှိနားလည်ပြီး ဖြစ်သည့်အပြင်
(က)စက်၌ လုပ်ရမည့်အလုပ်ကို လုံလောက်စွာ သင်ကြားတတ်မြောက်ပြီးဖြစ်သည့် လူငယ် သို့တည်းမဟုတ်
(ခ)စက်နှင့်စပ်လျဥ်း၍ ကောင်းစွာတတ်ကျွမ်းနားလည်ပြီး အလုပ်ရည်ဝသူတစ်ဦး၏ ကြီးကြပ်စီမံခြင်းကို ခံရသည့် လူငယ်
မှတပါး အခြားမည်သည့် လူငယ်မျှ၊ ဤပုဒ်မနှင့် သက်ဆိုင်သည့် စက်၌ အလုပ်မလုပ်ရ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
......

အားဖြတ်တောက်ရန် ကိရိယာများ

၂၆။...

ရှေ့တိုးနောက်ငင်သွားသော စက်များ

၂၇။...

စက်ကိရိယာသစ်ကို အိမ်ဖွဲ့၍ ထားရှိခြင်း

၂၈။...

ဝါဖတ်စက် အနီးအနားတွင် မိန်းမများနှင့် ကလေးများ ခိုင်းစေခြင်းကို တားမြစ်ခြင်း

၂၉။ဝါဖတ်စက်လည်နေသော အလုပ်ရုံ အစိတ်အပိုင်း တစ်ခုခုတွင် မည်သည့် မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ မခိုင်းစေရ။
...

မြှောက်စက်နှင့် ပင့်စက်များ

၃၀။(၁)...
......

ကရိန်းစက်နှင့် အခြားအလားတူ ပင့်မြှောက်စက်များ

၃၁။(၁)...
......

လည်သောစက်ကိရိယာ

၃၂။(၁)...
......

တိုးအားစက်

၃၃။(၁)...
......

ကြမ်းပြင်၊ သွားလမ်း၊ လှေကား၊ သွားလာစေနိုင်မည့်လမ်း

၃၄။အလုပ်ရုံတိုင်းတွင် ...
(က)...

တွင်းနှင့် ကြမ်းပေါက် စသည်များ

၃၅။(၁)...
......

အလွန်အမင်းလေးလံသောဝန်ချိန်

၃၆။(၁)အလုပ်ရုံတွင် မည်သည့် မိန်းမ၊ လူရွယ် သို့တည်းမဟုတ် ကလေးကိုမျှ လေးလံလွန်းသဖြင့် ထိခိုက်နာကျင်စေမည့် လက္ခဏာရှိသော ဝန်ချိန်ကို ပင့်ရန်၊ သယ်ယူရန်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရန် မခိုင်းစေရ။
(၂)အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရုံများတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဥ် တစ်ခုခုတွင်ဖြစ်စေ သာမန်အားဖြင့် လုပ်သူတို့ ပင့်ရမည့်၊ သယ်ယူရမည့် သို့တည်းမဟုတ် ရွှေ့ပြောင်းရမည့် အများဆုံးဝန်ချိန်ကို ပြဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။
(၃)အမျိုးသမီး အလုပ်သမားများအား မိန်းမသဘာဝ ဓမ္မတာလာစဥ် အချိန်မျိုးတွင် လုပ်ငန်းခွင်၌ ကျန်းမာရေးအရ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း မှတ်ပုံတင်ဆရာဝန်၏ ဆေးထောက်ခံချက်နှင့်တကွ တင်ပြလာပါက လုပ်ငန်းပိုင်ရှင်က သတ်မှတ်ချက်များနှင့်အညီ စီစဥ်ဆောင်ရွက်ပေးရမည်။
(၄)ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်ကို မထိခိုက်စေဘဲ ပေါ့ပါးသော တာဝန်များကိုသာ စေခိုင်းရမည်။

မျက်စိကိုကာကွယ်ခြင်း

၃၇။(၁)...
......

ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုင်းအငွေနှင့် စပ်လျဥ်းသည့် ကြိုတင်ကာကွယ်ချက်

၃၈။(၁)...
......

ပေါက်ကွဲစေတတ်သည့် သို့တည်းမဟုတ် မီးတောက်လောင်စေတတ်သည့် အခိုးအငွေ့ စသည်များ

၃၉။(၁)...
......

မီးလောက်လျှင် ဆောင်ရွက်ရမည့် စီမံချက်များ

၄၀။(၁)အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောက်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဌာန်းသည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်းမရှိဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင် စစ်ဆေးရေးအရာရှိသည် အလုပ်ရုံမန်နေဂျာထံသို့ အမိန့်ချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့် လည်းကောင်း၊ ဤပုဒ်မအရ ပြုသည့် နည်းလမ်းများပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ ညီညွတ်စွာဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များ ဖော်ပြ၍ အမိန့်စာတွင် ဖော်ပြသည့်နေ့ရက် မတိုင်မီ ထိုစီမံချက်များ ဖော်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။
(၂)အလုပ်ရုံတိုင်းတွင် အခန်းတစ်ခုခုမှ ထွက်နိုင်သည့် တံခါးများကို အခန်းတွင်း၌ လူတစ်ဦးတစ်ယောက်ရှိနေစဥ် အတွင်းမှ ရုတ်တရက် အလွယ်တကူ မဖွင့်နိုင်အောင် သော့ခတ်ထားခြင်း သို့တည်းမဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုးမဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။
(၃)အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှလွဲ၍ မီးလောက်လျှင် ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး သို့တည်းမဟုတ် အခြားထွက်ပေါက်အသီးသီးတွင် အလုပ်သမားများ နားလည်သည့်စာဖြင့် ထင်ရှားစွာရေးထားသော အနီရောက်စာလုံးများနှင့်ဖြစ်စေ၊ အခြားကောင်းစွာသိသာနိုင်သည့် အမှတ်အသားနှင့်ဖြစ်စေ ထင်ရှားစွာ မှတ်သားထားရမည်။
(၄)မီးလောက်လျှင် အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွာကြားသိနိုင်အောင် အချက်ပေးကိရိယာများကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။
(၅)မီးလောက်လျှင် ထွက်ပေါက်များသို့ အလွယ်တကူ သွားနိုင်သည့်လမ်းကို အလုပ်ရုံအခန်းအသီးသီးရှိ အလုပ်သမားအားလုံး အသုံးပြုနိုင်ရန် ရှင်းလင်းထားရှိရမည်။
(၆)
(က)အောက်ဆုံးထက်၏ မည်သည့်နေရာတွင်မဆို အလုပ်သမား နှစ်ဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံအသီးသီး၌ ဖြစ်စေ၊
(ခ)ပေါက်ကွဲစေတတ်သည့် သို့တည်းမဟုတ် မီးအလွန် တောက်လောင်စေတတ်သည့် ပစ္စည်းသိုလှောင်ထားသော သို့တည်းမဟုတ် အသုံးပြုသော အလုပ်ရုံအသီးသီးတွင်ဖြစ်စေ
မီးလောက်လျှင် အသုံးပြုနိုင်သည့် ထွက်ပေါက်များကို အလုပ်သမားအားလုံး သိနေစေရန် လည်းကောင်း၊ မီလောင်လျှင် ထိုသူတို့ မီးဘေးမှ လွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကို ကောင်းစွာသင်ကြားပေးရန် လည်းကောင်း၊ ထိရောက်စွာ စီမံဆောင်ရွက်ရမည်။
(၇)အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည် အလုပ်ရုံ တစ်ခုခုနှင့်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုနှင့်ဖြစ်စေ၊ စပ်လျဥ်း၍ မီးလောင်လျှင် အသုံးပြုရန် စီမံထားရှိရမည့် ထွက်ပေါက်များနှင့်တကွ မီးသတ်ကိရိယာ အမျိုးအစားနှင့် အရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

ချို့ယွင်းသော အစိတ်အပိုင်းများကို သီးခြားဖော်ပြရန်ဖြစ်စေ၊ ခိုင်မခိုင် စမ်းသပ်ခြင်းပြုရန်ဖြစ်စေ ဆင့်ဆိုနိုင်သည့် အာဏာ

၄၁။...

အဆောက်အဦးများနှင့် စက်ကိရိယာများ ဘေးရန်ကင်းရှင်းမှု

၄၂။...

ဤအခန်းကို နောက်ဆက်တွဲဖြည့်စွက်ရန် နိုင်ငံတော်သမ္မတက နည်းဥပဒေများ ပြုနိုင်သည့်အာဏာ

၄၃။...
၄၃-က။အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်းပပျောက်စေရန် အလို့ငှာ လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းများကို တက်ရောက်စေရမည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် ကျန်းမာရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၃)
ကျန်းမာရေး

သန့်ရှင်းစင်ကြယ်မှု

၁၃။(၁)အလုပ်ရုံတိုင်း၊ အလုပ်ရုံဝန်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်အပြင် ရေမြောင်းမှ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ်စွန့်ရန်နေရာမှ သို့တည်းမဟုတ် အခြားနံစော်သည့်အရာမှ ထွက်သည့် အနံ့နှင့်လည်း ကင်းစေရမည်။ ထို့ပြင် အထူးအဖြင့်
(က)ကြမ်းပြင်များနှင့် အလုပ်ခုံများ၊ လှေကားများနှင့် လမ်းများတွင် တင်ရှိနေသော အညစ်အကြေး အမှိုက်သရိုက် စသည်များကို တံမြက်စည်းဖြင့် သော်လည်းကောင်း၊ အခြားထိရောက်သော နည်းလမ်းဖြင့် သော်လည်းကောင်း၊ နေ့စဥ်လှည်းကျင်း၍ သင့်တော်သော နည်းလမ်းဖြင့် စွန့်ပစ်ရမည်။
(ခ)အလုပ်ခန်းတိုင်း၏ ကြမ်းပြင်ကို ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ကျ ဆေးကြောရမည်။ အကယ်၍ အနံ့ပျောက်ဆေးထည့်၍ ဆေးကြောရန်လိုလျှင် ထည့်၍ ဆေးကြောရမည် သို့တည်းမဟုတ် အခြားထိရောက်သော နည်းလမ်းဖြင့် သန့်ရှင်းစင်ကြယ်အောင် ပြုရမည်။
......

စွန့်ပစ်ပစ္စည်းများနှင့် ယိုစီးသည့်အရာများအား သုတ်သင်ရှင်းလင်းခြင်း

၁၄။(၁)အလုပ်ရုံတိုင်းတွင် ပြုလုပ်မှုလုပ်ငန်းစဥ်အရ စွန့်ပစ်ပစ္စည်းများ၊ ယိုစီးသည့်အရာများနှင့် အခိုးအငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်းသန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုင်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။
......

လေဝင်လေထွက်ရရှိအောင်နှင့် အပူအအေးမျှတအောင် ပြုခြင်း

၁၅။(၁)အလုပ်ရုံ၏ အလုပ်ခန်းတိုင်းတွင် လေကောင်းလေသန့် လုံလောက်စွာ ရရှိရန်နှင့် အလုပ်သမားတို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေးမျှတရန် သင့်တော်လုံလောက်သော စီမံချက်များ ပြုပေးရမည်။ အထူးသဖြင့် ...
......

အမှုန်နှင့် အခိုးအငွေ့များ

၁၆။(၁)အလုပ်ရုံတွင် လုပ်နေသော ပြုလုပ်မှုလုပ်ငန်းစဥ်နှင့် စပ်လျဥ်း၍ ...
......

လေကိုစိုထိုင်းစေခြင်း

၁၇။(၁)လေကို ပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံအားလုံးတွင် ...
......

လူထူထပ်ခြင်း

၁၈။(၁)အလုပ်ရုံရှိ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေး ထိခိုက်နိုင်လောက်အောင် လူထူထပ်ခြင်း မရှိစေရ။
(၂)ပုဒ်မခွဲ (၁) တွင် မည်သို့ပင်ပြဌာန်းထားစေကာမူ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားအသီးသီးအတွက် ကုဗအကျယ်အဝန်းသည် ကုဗပေ ငါးရာအောက် မနည်းစေရ၊ ကုဗအကျယ်အဝန်းတွက်စစ်ရန် အလို့ငှာ ကြမ်းပြင်မှ ဆယ့်လေးပေအထက်မြင့်သော အကျယ်အဝန်းကို ထည့်သွင်းခြင်းမပြုရ။
......

အလင်းရောက်ရစေခြင်း

၁၉။(၁)အလုပ်သမားများ အလုပ်လုပ်နေသော ...
......

သောက်ရေ

၂၀။(၁)အလုပ်ရုံတိုင်းတွင် သင့်တော်၍ အသွားအလာ လွယ်ကူသော နေရာများ၌ အလုပ်သမားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကို လုံလောက်စွာ ထားရှိရန် ထိရောက်စွာ စီမံဆောင်ရွက်ပေးရမည်။
(၂)ရေထားပေးသော နေရာအားလုံးကို ပီသသောစာလုံးများဖြင့် "သောက်ရေ" ဟု ရေးမှတ်ထားရမည့်အပြင် ထိုနေရာကို အဝတ်လျှော်ဖွတ်ရာနေရာ၊ အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာမှ ပေနှစ်ဆယ်အတွင်း မထားရှိစေရ။
......

အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ

၂၁။(၁)အလုပ်ရုံတိုင်းတွင် --
(က)အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာ သွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို သတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရမည်။
(ခ)မိန်းမအလုပ်သမားများအတွက် အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို ယောက်ျားအလုပ်သမားများအတွက် ထားရှိသော အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများမှ သီးခြားစီမံထားပေးရမည်။
(ဂ)ထိုအိမ်သာများ၏ အဝင်ဝတွင် "ယောက်ျား" သို့တည်းမဟုတ် "မိန်းမ" ဟု သက်ဆိုင်ရာစာတမ်းကိုဖြစ်စေ၊ အမှတ်အသားကိုဖြစ်စေ ထင်ရှားအောင် ကပ်ထားရမည်။
(ဃ)အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို အလင်းရောင်နှင့် လေလုံလောက်စွာရရှိအောင် စီမံထားရှိရမည်။ မည်သည့်အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာကိုမျှ ကြားနေရာလပ် သို့တည်းမဟုတ် လေဝင်လေထွက်နိုင်သောလမ်း မရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍မထားရ။
(င)အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို မည်သည့်အချိန်တွင်မဆို သန့်ရှင်းစင်ကြယ်၍ ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေတွင် ထားရှိရမည်။
(စ)တံမြက်လှည်းသူ လုံလောက်စွာ ထားရှိရမည်။ ထိုတံမြက်လည်းသူ၏ အဓိက အလုပ်ဝတ္တရားမှာ အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများနှင့် လျှော်ဖွတ်ရန်နေရာများကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန်ပင်ဖြစ်သည်။
(၂)သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်
(က)သန့်ရှင်းစင်ရေးနှင့် ညီညွတ်သည်ဟု သတ်မှတ်ထားသော ပုံစံအတိုင်း အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ စီမံထားရှိရမည်။
(ခ)အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများ စသည့် သန့်ရှင်းစင်ကြယ်ရေးနှင့် ဆိုင်သော အဆောက်အဦးများ၏ ကြမ်းပြင်များနှင့် ထိုကြမ်းပြင်များမှ သုံးပေအမြင့်အထိ နံရံများကို ကြွေရည်သုတ် ကျောက်ပြား သို့တည်းမဟုတ် ချောမွေ့လျက် ရေစိမ့်မဝင်နိုင်သော အခြားပစ္စည်းများဖြင့် စီမံထားရှိရမည်။
(ဂ)ပုဒ်မခွဲ (၁)၊ အပိုဒ် (င) နှင့် (စ) ပါပြဌာန်းချက်များကို မထိခိုက်စေဘဲ ယင်းကဲ့သို့ စီမံပြုလုပ်ပြီးသည့် ကြမ်းပြင်နှင့် နံရံအစိတ်အပိုင်းကို လည်းကောင်း၊ ကျင်ကြီးကျင်ငယ် ခံခွက်များကို လည်းကောင်း၊ ရောဂါကင်းစေသည့် ဆေးကိုဖြစ်စေ၊ အနံ့ပျောက်ဆေးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အသုံးပြုနေ၍ နေ့စဥ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားရမည်။
......

တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံများ

၂၂။(၁)အလုပ်ရုံတိုင်းတွင် သင့်တော်သော နေရာတိုင်း၌ ...
......

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။