အခကြေးငွေပေးချေရေးနည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၁၉၃/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၂။ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။
(က)ဥပဒေ ဆိုသည်မှာ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေကို ဆိုသည်။
(ခ)နေ့စားအလုပ်သမား ဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထိုနေ့အတွက်လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့်နှုန်းဖြင့်ရရှိသည့် အလုပ်သမားကို ဆိုသည်။
(ဂ)လစားအလုပ်သမား ဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ်လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။
(ဃ)ပုတ်ပြတ်အလုပ်သမား ဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကို ဆိုသည်။
(င)သတ်မှတ်အလုပ်ချိန် ဆိုသည်မှာ လုပ်ငန်းအလိုက်သက်ဆိုင်သည့် အလုပ်သမားဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြုအလုပ်ချိန် သို့မဟုတ် ရက်သတ္တပတ် ခွင့်ပြုအလုပ်ချိန်တို့ကို ဆိုသည်။
(စ)ရက်သတ္တပတ် ဆိုသည်မှာ စနေနေ့ ညဥ့်သန်းခေါင်အချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက်ကာလအပိုင်းအခြားကို ဆိုသည်။
(ဆ)အချိန်ပိုအခကြေးငွေ ဆိုသည်မှာ သက်ဆိုင်ရာဥပဒေအရ တစ်ရက်သတ်မှတ်အလုပ်ချိန် သို့မဟုတ် ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရသဖြင့် ရရှိသော အခကြေးငွေကို ဆိုသည်။
......

အခန်း (၂)

အခကြေးငွေပေးချေရန်ကာလ ရွှေ့ဆိုင်းခြင်း

၃။အလုပ်ရှင်သည် သဘာဝဘေးအန္တရာယ်အပါအဝင် မမျှော်လင့်သော ထူးခြားသည့် အခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်သဖြင့် အခကြေးငွေကို သတ်မှတ်ကာလအတွင်း ပေးချေရန် အခက်အခဲရှိပါက အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှုိင်းသဘောတူညီချက်ဖြင့် ခိုင်လုံသည့်ကျိုးကြောင်းဖော်ပြလျက် အခကြေးငွေပေးချေရန် ကာလအပိုင်းအခြားကုန်ဆုံးသည့်နေ့မစေ့ရောက်မီ ခုနှစ်ရက်အတွင်း အခကြေးငွေပေးချမည့်နေ့ရက်ရွှေ့ဆိုင်းခြင်း လျှောက်ထားလွှာကို သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သို့မဟုတ် စက်မှုဇုန်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးဌာနရုံးမှတစ်ဆင့် ဦးစီးဌာနသို့ ပုံစံ (၁) ဖြင့် တင်ပြရမည်။
၄။အလုပ်ရှင်သည် နည်းဥပဒေ ၃ အရတင်ပြရာတွင် သက်ဆိုင်ရာ ညှိနှုိင်းရေးကော်မတီနှင့်ဖြစ်စေ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့်ဖြစ်စေ ရယူထားသည့် အခကြေးငွေပေးချေရန် နေ့ရက်ရွှေ့ဆိုင်းခြင်းအပေါ် အလုပ်ရှင်နှင့် အလု့ပ်သမားနှစ်ဖက် သဘောတူညီချက်ကို ပုံစံ (၂) ဖြင့် ပူးတွဲတင်ပြရမည်။
၅။ဦးစီးဌာန၏ သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိသည် ပုံစံ (၁) နှင့် ပုံစံ (၂) ကို လက်ခံရရှိသည့်နေ့မှစ၍ ရုံးပိတ်ရက်များမပါ သုံးရက်အတွင်း စိစစ်၍ ဦးစီးဌာနသို့ တင်ပြရမည်။
၆။ဦးစီးဌာနသည် နည်းဥပဒေ ၅ အရ စစ်ဆေးရေးအရာရှိ၏ တင်ပြချက်ကို ထပ်မံစစ်စစ်၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် တစ်ဆယ်ရက်ထက်မကျော်လွန်စေဘဲ သင့်လျော်သည့်နေ့ရက်သို့ အခကြေးငွေ ပေးချေသည့်နေ့ရက် ရွှေ့ဆိုင်းရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းအမိန့်ကို ပုံစံ (၃) ဖြင့် ထုတ်ပြန်နိုင်သည်။

အခန်း (၃)

အခကြေးငွေမှ နှုတ်ယူဖြတ်တောက်ခြင်း

၇။အလုပ်ရှင်သည် အလုပ်သမား၏ အခကြေးငွေမှ နှုတ်ယူဖြတ်တောက်မည့် အလုပ်သမားပေးလျော်ရန် ဒဏ်ငွေကို အောက်ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဥ်း၍ သက်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီနှင့်ဖြစ်စေ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့်ဖြစ်စေ၊ ကာယကံရှင် အလုပ်သမားနှင့်ဖြစ်စေ ညှိနှိုင်းအတည်ပြုပြီး အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား မစေ့ရောက်မီ ခုနှစ်ရက်အတွင်း ပုံစံ (၄) ဖြင့် သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သို့မဟုတ် စက်မှုဇုန်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံးမှတစ်ဆင့် ဦးစီးဌာနသို့ တင်ပြ၍ ကြိုတင်ခွင့်ပြုချက်ရယူရမည်။
(က)အလုပ်သမား၏ တမင်လစ်လျူရှုမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မရိုးဖြောင့်သောသဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ အလုပ်ရှင်မှ အလုပ်သမားအား အတိအလင်းအပ်နှံထားသော ပစ္စည်းနှင့် ငွေကြေးများ ပျက်စီးဆုံးရှုံးမှုအတွက် ပေးလျော်ရန် ဒဏ်ငွေ
(ခ)အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရ သတ်မှတ်ထားသည့်ဒဏ်ငွေများ။
၈။(က)ဦးစီးဌာနသည် နည်းဥပဒေ ၇ အရ ပေးပို့သည့် ပုံစံ (၄) ကို လက်ခံရရှိသည့်နေ့မှစ၍ ရုံးပိတ်ရက်များမပါ သုံးရက်အတွင်း စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအမိန့်ကို ပုံစ့ (၅) ဖြင့် သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သို့မဟုတ် စက်မှုဇုန်ရုံးရှိ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။
(ခ)သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သို့မဟုတ် စက်မှုဇုန်ရုံးရှိ စစ်ဆေးရေးအရာရှိသည် နည်းဥပဒေခွဲ (က) အရ ပေးပို့သည့် ခွင့်ပြုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအမိန့်ကို ရုံးပိတ်ရက်များမပါ သုံးရက်အတွင်း သက်ဆိုင်ရာ အလုပ်ရှင်ထံ ပေးပို့ရမည်။
၉။အလုပ်ရှင်သည် အခကြေးငွေ ပေးချေခြင်းမှတ်တမ်းကို ပုံစံ (၆) ဖြင့်လည်းကောင်း၊ အခကြေးငွေမှ ဥပဒေနှင့်အညီ နှုတ်ယူဖြတ်တောက်ခြင်းမှတ်တမ်းကို ပုံစံ (၇) ဖြင့်လည်းကောင်း၊ နှုတ်ယူဖြတ်တောက်ထားသည့်ငွေများ အသုံးပြုမှုမှတ်တမ်းကို ပုံစံ (၈) ဖြင့်လည်းကောင်း ပြုစု၍ စစ်ဆေးရေးအရာရှိက အချိန်မရွေးကြည့်ရှုစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလုပ်ငန်းတွင် အနည်းဆုံး တစ်ဆယ့်နှစ်လ ထိန်းသိမ်းထားရှိရမည်။
၁၀။အလုပ်ရှင်သည် နည်းဥပဒေ ၇ အရ အလုပ်သမားထံမှ အခကြေးငွေဖြတ်တောက်ရာတွင် ငွေအပြေအကျေမပေးဆပ်ရသေးမီ ကာယကံရှင်အလုပ်သမား အလုပ်မှနှုတ်ထွက်ခဲ့လျှင်ဖြစ်စေ၊ ရပ်စဲခံရလျှင်ဖြစ်စေ၊ သေဆုံးလျှင်ဖြစ်စေ ပေးဆပ်ရန်ကျန်ငွေကို အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ ပြန်လည်တောင်းခံနိုင်သည်။

အခန်း (၅)

အချိန်ပိုအခကြေးငွေ

၂၀။လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဥပဒေက သတ်မှတ်ထားသည့် တစ်ရက်သတ်မှတ်အလုပ်ချိန်ထက် ပို၍သော်လည်းကောင်း၊ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ထက် ပို၍သော်လည်းကောင်း လုပ်ကိုင်ရလျှင် အောက်ပါတွက်ချက်မှုပုံသေနည်းဖြင့် အလုပ်သမားအား အချိန်ပိုလုပ်ခတွက်ချက် ခံစားခွင့်ပေးရမည်။
(က) လစားအလုပ်သမားများအတွက်
အချိန်ပို (၁) နာရီလုပ်ခ=အခြေခံလစာ × ၁၂ လ×၂ ဆ
၄၄ နာရီ (သို့မဟုတ်) ၄၈ နာရီ × ၅၂ ပတ်
(ခ) နေ့စားအလုပ်သမားများအတွက်
အချိန်ပို (၁) နာရီလုပ်ခ=နေ့စားအခကြေးငွေ × ၆ ရက်×၂ ဆ
၄၄ နာရီ (သို့မဟုတ်) ၄၈ နာရီ
(ဂ) ပုတ်ပြတ်အလုပ်သမားများအတွက်
အချိန်ပို (၁) နာရီလုပ်ခ=ပျမ်းမျှနေ့တွက်ကြေး × ၆ ရက်×၂ ဆ
၄၄ နာရီ (သို့မဟုတ်) ၄၈ နာရီ
ခြွင်းချက်
(၁)အနည်းဆုံးအခကြေးငွေအမိန့်အရ ခံစားခွင့်ပြုထားသည့် အလုပ်သမားသည် ထိုအမိန့်ပါ တစ်နာရီလုပ်ခနှုန်း၏ (၂) ဆ ခံစားခွင့်ပြုရမည်။
(၂)လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊ ရေခဲစက်၊ ရေနံချက်စက်၊ သစ်ပေါင်းတင်လုပ်ငန်း၊ ရေနှင့်ဆီမှုတ်စက်၊ လေအား (သို့) ဓါတ်ငွေ့အားပြုလုပ်သောစက်၊ ဓါတုဗေဒလုပ်ငန်း၊ အသီးအနှံမှ ထုတ်ယူသောဆီစက်နှင့် သကြားစက်တို့တွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အချိန်ပို (၁) နာရီလုပ်ခတွက်ချက်ရာ၌ ဖော်ပြပါပုံသေနည်းတွင် ရက်သတ္တပတ်အလုပ်ချိန် (၄၈) နာရီဖြင့် တွက်ချက်ရမည်။ ထို့ပြင် သက်ဆိုင်ရာတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် ရက်သတ္တပတ်အလုပ်ချိန် သတ်မှတ်ချက်ရှိလျှင် ထိုအလုပ်ချိန်နာရီဖြင့် တွက်ချက်ရမည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Checked-through Baggage

2025-07-14 Monday လက်မှတ်ထုတ်၊ အထုတ်အပ်တော့ အထုတ်က ရန်ကုန်ထိ မရောက်။ transit မှာ အထုတ်ပြန်ထုတ်၊ လက်မှတ်အသစ်ထပ်ထုတ်ပြီး အထုတ်ပြန်အပ်ရမယ်။

အနည်းဆုံးအခကြေးငွေ နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် - ၆၄/၂၀၁၃
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်

အခန်း (၈)
အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်း

ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း (၆၀) ကြိုတင်၍ ထုတ်ပြန်ကြေငြာရခြင်း

၃၄။အမျိုးသားကော်မတီသည် -
(က)အနည်းဆုံးအခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကိစ္စနှင့် စပ်လျဥ်း၍ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့်ညှိနှိုင်း၍ တင်ပြလာသည့် အကြံပြုချက်များ၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များ၊နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက်များကို လေ့လာစိစစ်ပြီး သတ်မှတ်သင့်သည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားများကို အများပြည်သူ သိရှိစေရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံးရက်ပေါင်း (၆၀) ကြိုတင်၍ ထုတ်ပြန်ကြေငြာရမည်။
......
၃၅။ဦးစီးဌာနသည် -
(က)အမျိုးသားကော်မတီ၏ တာဝန်ပေးချက်အရ သတ်မှတ်သော အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားများကို အများပြည်သူသိရှိစရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း (၆၀) ကြိုတင်၍ ထုတ်ပြန်ပြီး နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရမည်။
......
၃၆။အမျိုးသားကော်မတီသည် -
(က)အများပြည်သူသိရှိရန် ကြေငြာပြီးနောက် ရက်ပေါင်း (၆၀) ပြည့်မြောက်သည့်အခါ ကန့်ကွက်ချက်မရှိလျှင် သက်ဆိုင်ရာအနည်းဆုံးအခကြေးငွေနှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။
(ခ)နည်းဥပဒေခွဲ (က) အရ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အများပြည်သူသိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရေးတို့အတွက် ဦးစီဌာနကို တာဝန်ပေးရမည်။
၃၇။နည်းဥပဒေ ၃၆ အရ အများပြည်သူသိရှိရန် ကြေညာသည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားနှင့် စပ်လျဥ်း၍ ကန့်ကွက်လိုသူ သို့မဟုတ် ကန့်ကွက်လိုသည့်အဖွဲ့အစည်း သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုလိုသူ သို့မဟုတ် ပြင်ဆင်ရန်အဆိုပြုလိုသည့် အဖွဲ့အစည်းသည် ပူးတွဲပါပုံစံအတိုင်း ဖြည့်စွက်၍ ရက်သတ္တနှစ်ပတ်အတွင်း ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြရမည့်အပြင် မိတ္တူကို အမျိုးသားကော်မတီနှင့် ဦးစီဌာနသို့ ပေးပို့ရမည်။
၃၈။ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသည် နည်းဥပဒေ ၃၇ အရ တင်ပြသော အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် လို၊ မလို ဆုံးဖြတ်နိုင်သည်။ ကွင်းဆင်းစစ်ဆေးရန် လိုအပ်ပါက -
(က)နည်းဥပဒေ ၃၇ အရ ကန့်ကွက်ခြင်း သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုသူအား ကွင်းဆင်းစစ်ဆေးမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို သတ်မှတ်ပေးပြီး လိုအပ်သော အချက်အလက်များကောက်ယူရမည်။
(ခ)နည်းဥပဒေခွဲ (က) အရ ရရှိသော အချက်အလက်များနှင့် အထောက်အထားများကို မှတ်တမ်းပြုစုထားရှိရမည်။
(ဂ)အဆိုပါအချက်အလက်များကို ကန့်ကွက်သည့်နေ့ သို့မဟုတ် ပြင်ဆင်ရန်အဆိုပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြီးစီးအောင် ပြုုလုပ်ရမည်။
(ဃ)ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရာတွင် ကန့်ကွက်သူ သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုသူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ လိုက်ပါဆောင်ရွက်ခွင့်ပြုနိုင်သည်။
......

အခန်း (၉)

အလုပ်ရှင်၏ အခွင့်အရေးနှင့် တာဝန်များ

၄၃။အလုပ်ရှင်သည် -
(က)မိမိလုပ်ငန်း၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာတိုးမြှင့်ပေးရမည်။
(ခ)အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို ဥပဒေပုဒ်မ ၁၃(ခ) အရ ပြုစုရာတွင် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေတို့နှင့်အညီ ဆောင်ရွက်ရမည်။
(ဂ)အလုပ်သမားများ မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခြင်းများကြောင့် အလုပ်မလုပ်ကိုင်နိုင်သည့်အခါ -
(၁)ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အားမခံထားသူဖြစ်လျင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရသော်လည်းကောင်း
(၂)၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေအရသော်လည်းကောင်း ဆောင်ရွက်ပေးရမည်။
(ဃ)အလုပ်သမားများ၏ မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ ၎င်းအလုပ်သမား ရထိုက်သောအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ဆောင်ရွက်ပေးရမည်။
(င)ဤဥပဒေအရ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းမပြုမီ အလုပ်သမားရရှိနေသော အခကြေးငွေသည် သတ်မှတ်ချက်အောက်လျော့နည်းနေပါက သတ်မှတ်ချက်ပြည့်မီသည်အထိ ပေးရမည်။
(စ)အချိန်ပိုင်း၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့် အလုပ်သမားအား အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို ပေးရမည်။
(ဆ)လစားအလုပ်သမားအတွက် ရက်သတ္တပတ်လျှင် တစ်ရက်နားခွင့်ပေးရမည်။ ယင်းနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပိုလုပ်ခပေးရမည်။
(ဇ)သတ်မှတ်ထားသော အလုပ်ချိန်ထက်လျော့၍ လုပ်ရပါက ထိုသို့အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရမဟုတ်လျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင်သော်လည်းကောင်း အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေပေးရမည်။
(ဈ)သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ပေးရမည်။
(ည)အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့်ပေးရန် တာဝန်ရှိသော်လည်း သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များကို သတ်မှတ်ချက်များနှင့်အညီ အလုပ်သမားများ၏ ဆန္ဒအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်ဖြင့်ဖြစ်စေ၊ ငွေသားဖြင့်သော်လည်းကောင်း၊ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့်သော်လည်းကောင်း၊ ဒေသဓလေ့ထုံးတမ်းအရသော်လည်းကောင်း ပေးနိုင်သည်။
(ဋ)အလုပ်သမားများနှင့်ညှိနှိုင်း၍ ဥပဒေနှင့်အညီ အချိန်ပိုခိုင်းစေခြင်း ပြုနိုင်သည်။
(ဌ)စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအလိုက် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုစံ သို့မဟုတ် ထုတ်လုပ်မှုစံနှုန်း ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်းမရှိသေးသည့် အလုပ်သမားအား အစမ်းခန့်ကာလ မတိုင်မီ ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ပေးရန်လိုအပ်လျှင် ဤဥပဒေအရ သက်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် သုံးလအချိန်ကာလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၅၀% ထက်မနည်းသော လုပ်ခ၊ လစာကို ပေးရမည်။ အစမ်းခန့်ကာလသုံးလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၇၅% ပေးရမည်။

အခန်း (၁၀)

အလုပ်သမားများ၏ တာဝန်နှင့် အခွင့်အရေးများ

၄၄။အလုပ်သမားများသည် -
(က)မိမိတို့ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အဆင့်နှင့်အညီ ကုန်ထုတ်စွမ်းအား ပြည့်မီစေရန် ဆောင်ရွက်ရမည်။
(ခ)အလုပ်ရှင်စေလွှတ်သည့် ကျွမ်းကျင်မှုသင်တန်းတက်ရောက်ပါက သင်တန်းတက်ရောက်ပြီးနောက် မိမိကျွမ်းကျင်မှုအဆင့်နှင့်လျော်ညီစွာ ဆက်လက်ထမ်းဆောင်ရန်တာဝန်ရှိသည်။
(ဂ)မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခြင်းများကြောင့် အလုပ်မလုပ်ကိုင်နိုင်သည့်အခါ -
(၁)ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အားမခံထားသူဖြစ်လျှင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရသော်လည်းကောင်း၊
(၂)၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရသော်လည်းကောင်း ခံစားခွင့်ရှိသည်။
(ဃ)မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ရှိသည်။
(င)လစား၊ နေ့စား၊ ပုတ်ပြတ်အလုပ်သမားများသည် ခွင့်ပြုပြိးသည့်ခွင့်ရက်နှင့် အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်များကို ခံစားခွင့်ရှိသည်။
(စ)အလုပ်တွင် ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အလုပ်သမားအားပေးထားသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် ပိုမိုပါက ထိုအခကြေးငွေသည် ဆက်လက်အတည်ဖြစ်စေရမည်။
(ဆ)အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ အခြားပဋိညာဥ်စာချုပ်တစ်ရပ်ရပ်အရဖြစ်စေ သဘောတူလက်ခံသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် လျော့နည်းလျှင် ထိုအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီစာချုပ် သို့မဟုတ် ပဋိညာဥ်စာချုပ်ပါ အခကြေးငွေသတ်မှတ်ချက်သည် ပျက်ပြယ်စေရမည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အမှတ် - ၁၂

အခန်း (၁)

အသက်ကန့်သတ်ချက်

၂။(က)"ကလေး" ဆိုသည်မှာ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ဆရာဝန်ကခွင့်ပြုသည့် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ်ခြောက်နှစ် မပြည့်သေးသူကို ဆိုလိုသည်။
(ခ)"လူရွယ်" ဆိုသည်မှာ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီး အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသူကို ဆိုလိုသည်။
(ဂ)"လူငယ်" ဆိုသည်မှာ "ကလေး" နှင့် "လူရွယ်" ကို ဆိုလိုသည်။
(ဃ)"လူကြီး" ဆိုသည်မှာ အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူကို ဆိုလိုသည်။

လုပ်ငန်းစတင်လျှင် အကြောင်းကြားရခြင်း

၈။(၁)လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံအဖြစ် မည်သည့်အဆောက်အဦ၌မဆို စတင်၍ လုပ်ငန်းလုပ်ခြင်း သို့တည်းမဟုတ် အဆောက်အဦကို အသုံးပြုခြင်းမပြုမီ အနည်းဆုံးဆယ့်ငါးရက်ကြိုတင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ အောက်ပါအချက်များနှင့် စပ်လျဥ်း၍ နို့တစ်စာပေးပို့ရမည်။
(က)အလုပ်ရုံ၏ အမည်နှင့် တည်နေရာအရပ်။
(ခ)လုပ်ငန်းပိုင်ရှင်၏ အမည်နှင့် နေရပ်အပြည့်အစုံ
(ဂ)အလုပ်ရုံနှင့်စပ်လျဥ်းသည့် အကြောင်းကြားစာများ ပေးပို့ရမည့် နေရပ်အပြည့်အစုံ၊ "ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်(စ်)နံပါတ်၊ အီးမေးလ်လိပ်စာ။"
(ဃ)ပြုလုပ်မှုလုပ်ငန်းစဥ်အမျိုးအစား -
(ကက) ဤအက်ဥပဒေအာဏာ တည်သည့်နေ့တွင် ရှိနေပြီးသော အလုပ်ရုံများနှင့် စပ်လျဥ်း၍ ထိုအလုပ်ရုံတွင် လွန်ခဲ့သည့် ဆယ့်နှစ်လအတွင်းလုပ်သည့် ပြုလုပ်မှုလုပ်ငန်းစဥ်။
(ခခ) (အလုပ်ရုံအားလုံးနှင့်စပ်လျဥ်း၍) နောက်လာမည့် ဆယ့်နှစ်လအတွင်းလုပ်မည့် ပြုလုပ်မှု လုပ်ငန်းစဥ်။
(င)လုပ်ငန်းအမျိုးအစား၊ အသုံးပြုရမည့် လျှပ်စစ်ဝန်အားနှင့် စက်စွမ်းအား။
(စ)ဤအက်ဥပဒေအလို့ငှာ အလုပ်ရုံမန်နေဂျာဖြစ်သူ၏ အမည်။
(ဆ)အလုပ်ရုံတွင် ခိုင်းစေဘွယ်ရှိသည့် အလုပ်သမားအရေအတွက်။
(ဇ)ဤအက်ဥပဒေအာဏာတည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့် စပ်လျဥ်း၍ လွန်ခဲ့သည့် ဆယ်နှစ်လအတွင်း ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ခိုင်းစေသည့် အလုပ်သမား အရေအတွက်။
(ဈ)ပြဌာန်းသည့် အခြားအကြောင်းအရာများ။

မန်နေဂျာအသစ်ခန့်ထားလျှင် အကြောင်းကြားရခြင်း

၈။(၄)မန်နေဂျာအသစ်ခန့်ထားသည့်အခါတိုင်း လုပ်ငန်းပိုင်ရှင်သည် မန်နေဂျာအသစ် အလုပ်ဝတ္တရားစတင်ဆောင်ရွက်သည့်နေ့မှ ခုနှစ်ရက်အတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ နို့တစ်စာပေးပို့ရမည်။
(၅)မည်သူ့ကိုမျှ အလုပ်ရုံမန်နေဂျာအဖြစ် ခန့်ထားခြင်းမရှိသေးသော ကာလအပိုင်းအခြားအတွင်းသော်လည်းကောင်း၊ မန်နေဂျာအနေဖြင့် ခန့်ထားခြင်းခံရသူသည် အလုပ်ရုံကို အုပ်ချုပ်ခြင်းမပြုသည့် ကာအပိုင်းအခြားအတွင်းသော်လည်းကောင်း၊ မန်နေဂျာအဖြစ် ခေတ္တလုပ်နေသူ သို့တည်းမဟုတ် ယင်းသို့ လုပ်သူမရှိလျှင် လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ပင် ဤအက်ဥပဒေအလို့ငှာ ထိုအလုပ်ရုံ၏ မန်နေဂျာအနေဖြင့် ဖြစ်သည်ဟူ၍ မှတ်ယူရမည်။

အလုပ်ရုံကို ခေတ္တ သို့မဟုတ် အချိန်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းအတွက် အကြောင်းကြားရခြင်း

၈။(၆)ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတစ်ခုကို ခေတ္တ၊ သို့တည်းမဟုတ် အချိန်အကန့်အသတ်မရှိဘဲ၊ ပိတ်ထားရန် လိုအပ်သည့်အခါတွင် လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံမပိတ်မီ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းပြချက်များပါရှိသော နို့တစ်စာကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်းကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ အကြောင်းတစ်ခုခုကြောင့် နို့တစ်စာကို တစ်လကြိုတင်၍ မပေးပို့နိုင်လျှင်၊ အလုပ်ရုံကို မပိတ်မီ ဆောလျင်နိုင်သမျှဆောလျင်စွာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်ကြောင်းကြားရမည်။ သို့ရာတွင် မမြှော်လင့်ဘဲ ရုတ်တရက် အခြေဖြစ်ပေါ်လာသော အကြောင်းကြောင့်ဖြစ်စေ၊ စက်ကိရိယာများ ချို့ယွင်းပျက်စီးသောကြောင့်ဖြစ်စေ၊ အလုပ်ရုံကိုပိတ်ရလျှင် ယင်းသို့ ပိတ်သည်အချိန်မှ လေးဆယ့်ရှစ်နာရီအတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အကြောင်းကြားရမည်။
(၇)ပုဒ်မခွဲ(၆)တွင် ရည်ညွှန်းသည့် လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ကို ပြန်လည်မလုပ်မီ ဆယ့်ငါးရက်အတွင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ယင်းသို့ ပြန်လည်လုပ်မည်ဖြစ်ကြောင်းကို နို့တစ်စာပေးပို့ရမည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များဖြစ်သော

Online Visa Application Photo

2025-06-18 Wed မနက် ၈ နာရီ သံရုံးရှေ့ရောက်၊ တန်းစီသူများ၊ တုံကင် ၃၆ ရ၊ နေ့လည် ၁၁ နာရီအထိစောင့်၊ တုံကင် ၂၀ ကျော်အထိပဲခေါ်၊ အထဲမဝင်လိုက်ရ၊ ပြန်လာ။ မတ်လက လှုပ်ခဲ့တဲ့ မြေငလျင်နောက်ပိုင်း မန္တလေးသံရုံး ဗီဇာလျှောက် ပိတ်လိုက်လို့ ရန်ကုန်မှာ လူများနေတာလို့ သိရ။

Archlinux Notes

Signing Error of System Upgrading

Upgrading the system regularly running $ sudo pacman -Syu prevents most signing errors. If delay is unavoidable and system upgrade gets delayed for an extended period, manually sync the pacakge database and upgrade the archlinux-keyring package before system upgrade. Basically it is syncing the package database and installing archlinux-keyring package just before the system upgrade. See the following command;